Main menu

Background

ငွေဈေးအတက်နဲ့ စိန်ဈေးလိုက်တက်

Wed, 06/05/2013 - 15:01 -- ydnar

ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ ယခင် ၈၀၀ ကျော်ရှိရာမှ ၉၀၀ ကျပ်ဝန်းကျင် ထိ ဈေးမြင့်တက်လာခြင်းကြောင့်  စိန် ဈေးနှုန်းမှာ ၆ လုံးစီး၊ ၄ လုံးစီး တစ် ရတီကို ၂၀၀၀၀ ကျပ်နဲ့ ၃၀၀၀၀ ကျပ် ကြား ဈေးမြင့်လာကြောင်း သိရပါ တယ်။   Mandalay  Gem  Center  မှ ကျောက်မျက်ဆိုင်ရှင်တစ်ဦးက "သြင်္ကန် မတိုင်ခင်ကစပြီး၊ စိန်အရောင်း အဝယ် ပါးတယ်။ Order  မှာတဲ့ သူလောက်ပဲ ရှိတယ်။ ဒေါ်လာဈေးတက်ပြီး၊ စိန်ဈေး လိုက်တက်တဲ့အချိန် မှာ ရွှေဈေးကွက် ဘက်ကို ပြောင်းဝယ်ကြတာ။ စိန် အရောင်းအဝယ်ပါးနေတော့ ဈေးကွက် မှာ စိန်အဝင်နည်းနေ တယ်။ ပစ္စည်းပြန် သွင်းတဲ့ သူလည်း များတယ်။ အိမ်ခြံမြေ ဈေးကလည်းအေး၊ ကားဈေးကလည်း ကျတော့ စိန်ပြန်သွင်းလာကြတယ်။ ငွေပြန်ပေါ်ချင်လို့ ပြန်ရောင်းကြတဲ့ သဘောပါ။ အမြတ်ရလို့ ပြန်ရောင်းတာ မဟုတ်ဘူး။ စိန်တစ်ရတီကိုက်၊ ၂ ရက်တီကိုက်ဆိုရင် ဈေးပိုတက်တယ်။ ပစ္စည်းကောင်းတဲ့ပေါ် မူတည်ပြီး၊ ဈေး မြင့်တာ" လို့ ပြောပါတယ်။ စိန်ဈေးနှုန်းမှာ ၁၀ လုံးစီး တစ် ရတီကို ကျပ် ၂သိန်းနဲ့ ၇ သိန်းကြား၊ အကျင် ၄၀ စီးတစ်ရတီကို ကျပ် တစ် သိန်းခွဲမှ ၆ သိန်းထိရှိပြီး၊ ပစ္စည်းရှား ကြောင်း သိရပါတယ်။ စိန်ဈေးနှုန်းမှာ ပစ္စည်းအရည်အသွေးအပြစ် အနာအဆာ ပေါ်မူ တည်ပြီး၊ဈေးနှုန်းကွာခြားကြောင်း သိရပါတယ်။       ဇူးဇူး - မန္တလေး