Main menu

Background

မြန်မာ့ရွှေဈေး ပြန်လည် တက်ရိပ်ပြနေ

Wed, 06/05/2013 - 15:02 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် ပြန်လည်၍ တက်ရိပ်ပြလာ ခဲ့ကြောင်း သိရသည်။ အတက်အကျ အနည်းငယ်ဖြင့် မငြိမ်မသက်ဖြစ်နေခဲ့ သည့် မြန်မာ့ရွှေဈေးသည် ယခုတစ် ပတ်အတွင်းတွင် ကျဆင်းနေခဲ့ရာ မှ ပြန်လည်အတက်ပြလာခဲ့ကြောင်းရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

"မြန်မာ့ရွှေဈေးက နိုင်ငံတကာ ဈေးကွက်နဲ့ချိတ်ဆက်နေတာဆိုတော့ နိုင်ငံတကာမှာ ဘာဖြစ်နေလဲဆိုတာကို သိထားဖို့လိုတယ်။  မြန်မာမှာတင်မက ဘူး။ ကမ္ဘာမှာလည်း ရွှေဈေးက ဆက် တိုက်ကျနေတော့ရွှေကို ဝယ်ရောင်း လုပ် နေတဲ့သူတွေက ရွှေကို ယုံကြည်မှုနည်း လာတယ်။ အဲဒါကြောင့် ရွှေကို ထုတ် ရောင်းကြတော့မယ်။ အဲဒီလိုထုတ် ရောင်းကြတော့မယ်ဆိုရင် ရွှေဝယ်လို အားများလာမယ်။ ဒါဆိုရင်ဈေးတက်ဖို့ က မဝေးတော့ဘူး""မြန်မာနိုင်ငံမှာဆိုရင်လည်း အခု ဆို မိုးတွင်းရောက်ပြီ။ မိုးတွင်းရောက်ရင် ရွှေတွင်းတွေက ပိတ်ထားတော့ ရွှေ အထွက်နည်းသွားတယ်။ ရွှေအထွက် နည်းသွားပေမယ့်ရွှေဝယ်လိုအားက ပုံမှန်အတိုင်းပဲရှိနေမယ်ဆိုရင် ဈေးက တက်မှာပဲ။ ဒါကလည်း ပုံမှန်ဖြစ်နေကြ၊ အခုလိုမိုးတွင်းရောက်ပြီဆိုရင် ရွှေဈေး က တက်တတ်တာပဲ။ နည်းနည်းတက် မှာနဲ့ များများတက်မှာ ဒါပဲကွာတယ်" ဟု ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက  သုံးသပ်ပြခဲ့သည်။ပြီးခဲ့သည့်မေလ ၂၅ရက်နေ့က မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၀၅၀၀ဖြင့် ဈေးပိတ်ခဲ့သော်လည်း မေလ ၂၇ရက် နေ့ ဈေးပြန်ဖွင့်ချိန်တွင် ကျပ် ၇၁၁၇၀၀  ဈေးမြင့်၍ဖွင့်ခဲ့သော်လည်း နောက်နေ့ တွင် ပြန်လည်ကျဆင်းကာ ၇၀၉၅၀၀ ကျပ်ဖြစ်ခဲ့သည်။ ထို့နောက် မေလ ၃၁ ရက်နေ့တွင် ကျပ် ၇၁၁၅၀၀ဖြင့် ဈေး ပြန်လည်မြင့်တက်လာခဲ့သည်။ကမ္ဘာ့ရွှေဈေးသည်လည်း မေလ ၂၇ရက်နေ့က တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၉၂ရှိခဲ့ရာမှ မေလ ၃၁ရက်နေ့တွင် ၁၄၁၈ဒေါ်လာ သို့ မြင့်တက်ခဲ့သည်။     မယ်သီတာ