Main menu

Background

ဈေးမာပြီးအရောင်းအဝယ်အေးတဲ့ ပြည်ချင်းဈေးကွက်

Wed, 06/05/2013 - 15:08 -- ydnar

ပြည်ချင်းဈေးကွက်မှ ယခုတစ်ပတ်အတွင်း အောင်ပန်းမှချင်းအဟောင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ယခင်ပတ်ထက် အဝင်များကာ ဈေးနှုန်း မှာလည်းတစ်ပိဿာကို ချင်း(ရှယ်) ၁၄၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်ဖြစ်လို့ ကျပ် ၃၀၀ ခန့် မြင့်တက်လာတာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်း ပွဲရုံများမှ လက်လီလက်ကားအဝယ်အပြင် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကိုလည်း တင်ပို့မှုရှိလို့ တစ်ရက်ကိုပိဿာချိန် ၁၀၀ မှ ၁၈၀ ကြားသာရှိလို့ ယခင်အပတ်ထက် အရောင်းအဝယ်အေးလျက်ရှိပါတယ်။                    ဝင်းဝင်းခိုင်-ပြည်