အောင်ပန်းဈေးကွက်မှာ ချင်း(စို) ဝင်ရောက်မှုနည်းနေပါတယ်။ တောင်သူတွေ မှာလည်း လက်ကျန် မရှိတော့ဘဲ ပွဲရုံလက်ကျန်သာကျန်ရှိပါတော့တယ်။ အောင်ပန်း ပွဲရုံတွေနဲ့ ကုန်သည်တွေကတော့ ဟိုပုံး၊ နမ့်စန်တွေထိ ဆင်းပြီး၊ ဝယ်ယူနေတာ ကြောင့် ဟိုပုံး၊ နမ့်စန်မှာလည်း လက်ကျန်မရှိသလောက်ဖြစ်နေပါပြီ၊ နယ်စပ် လမ်း ကြောင်းဖြစ်တဲ့ တမူး၊ စစ်တွေမှတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က အဆွဲများနေတာ ကြောင့် ချင်းအဝင်ရှိသလောက်၊ အဝယ် ကလည်းရှိနေပါတယ်။ ပြည်ပတင်ပို့မှုများ နေလို့ ချင်း(စို)က ဒီတစ်ပတ်မှာ ဈေးအတော်မြောက်လာ ပါတယ်။အနိမ့်ဆုံး တစ် ပိဿာ ၇၅၀ ကျပ်မှ အမြင့်ဆုံး ၁၀၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက် ကတော့ ပြည်တွင်း သုံးအတွက်သာ ဝယ်ယူမှုရှိနေပေမယ့် သူလည်းလှောင် လက်တွေ ပြန်ဝယ် နေတာကြောင့် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ တစ်ပိဿာဈေးက ၁၂၀၀ ကျပ် ဈေးရှိပါတယ်။
ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုအဝင်လုံးဝမရှိတော့ပါဘူး။ ပေါ်ကာစမှာ ချင်း (စို)ဈေးမကောင်းခဲ့ လို့ ပြုတ်ခြောက် အဖြစ် ပြုလုပ်ခဲ့ကြတာကြောင့် အခုချင်းစိုက ဈေးကောင်းပြန်ရနေပြီး၊ ခြံရှင်တွေကရောင်းဖို့ မရှိတော့ဘူးဖြစ်နေ ပါတယ်။ချင်း ခြောက်ကလည်းအနည်းအကျဉ်းလောက်သာအရောင်းအဝယ်ဖြစ်တာကြောင့် လက်ကျန် ကလည်း ပိဿာချိန် ၄ - ၅ သောင်းခန့် ကျန်ရှိနေတယ်လို့ သိရပါတယ်။ ချင်း(စို) ကိုတော့ လက်လီရောင်းဖို့သာရှိနေပြီး၊ တစ်ပိဿာ ၁၀၀၀ ကျပ်ဈေး၊ ချင်းခြောက် ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင် - တောင်ကြီး