Main menu

Background

ပါကစ္စတန်နဲ့ မလေးရှားကို နနွင်းတင်ပို့

Wed, 06/05/2013 - 15:22 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့အတွင်း နနွင်း ၁၄၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ် တင်ပို့မှုမှာ မလေးရှားနိုင်ငံကို ၅၈ တန်နဲ့ ပါကစ္စတန်နိုင်ငံ ကို ၈၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့မှု မှာ ပါကစ္စတန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင် ပို့မှုမှာ တန် ခုနှစ်ဆယ်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ခုနှစ်ဆယ် ကျော်ပိုမိုတင် ပို့ နိုင်ခဲ့ပါတယ်။FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ ရှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၁ ရက်မှ ယနေ့အထိ နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာ တန်ချိန် သုံးရာ့ ရှစ်ဆယ်ကျော် ရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေမှာ ကန် ဒေါ်လာ နှစ်သိန်းေ ကျာ်ရရှိခဲ့တယ်လို့ သိရပါတယ်။                                             MIRT (DOT)