Main menu

Background

လဲချားခရမ်းစွဲဈေးကွက်ဝင် ကြက်သွန်ဖြူစိုက်တောင်သူများ ပြုံးပျော်ရွင်

Wed, 06/05/2013 - 15:25 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်းက လဲချားကုန်စည်ဒိုင်ဈေးကွက် ကို မေတတိယပတ်ကစပြီး ဒေသထွက် ခရမ်းစွဲကြက်သွန်ဖြူ များ ဝင်ရောက်ခဲ့ပြီး၊ ဈေးကလည်း တစ်နေ့တခြား ခပ်စွာစွာ မာလာခဲ့ပါတယ်။ လဲချားကုန်စည် ဒိုင်ကို ခရမ်းစွဲကြက်သွန်ဖြူ များ မေ ၁၈ ရက်က ဈေးကွက်ဝင်ရောက်လာချိန်မှာ (အမြိတ် ပါ) တစ်ပိဿာကို ၉၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ရာက မေ ၂၉ ရက်မှာတော့ ၁၃၅၀ ကျပ်အထိဈေးပေါက်ခဲ့ပြီး မေ ၁၈ ရက် က ၂၅ ရက်အထိ လဲချားမှ ကျိုင်းတုံနဲ့တာချီလိတ်မြို့ များသို့ ပိဿာချိန် ၁၅၀၀၀၀ ခန့် တင်ပို့ရောင်း ချခဲ့ကြောင်း လဲချား ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဒေါ်နမ်းခမ်းလူကပြောပါတယ်။ ၎င်း ကဆက်လက်ပြောကြားရာမှာ အခုလိုဈေးကောင်းရပြီး ကျယ်ပြန့်စွာတင်ပို့နိုင် တာက ရှမ်းပြည်နယ်ပို့ကုန်မြှင့်တင် ရေး ဦးစီးဌာနက လဲချားကုန်စည်ဒိုင်ကို စနစ်တကျဖွဲ့ စည်းပေး ခဲ့တာကြောင့် ဒေသထွက်သီးနှံများ ကျယ်ပြန့်သော ဈေးကွက် နဲ့ ခိုင်မာသောဈေးနှုန်းကိုရရှိစေတဲ့အပြင် လဲချားမြို့မှ မိုင်းတုံ-တာချီလိတ်အထိ တင်ပို့ရောင်းချရာမှာလည်း ဒေသတွင်းနဲ့ လမ်းကြောင်းတစ်လျှောက်ရှိ ကုန်သွယ်မှုအတားအဆီးများ လျော့နည်းစေရန် အခက်အခဲတချို့ကို ဒေသအာဏာပိုင် အသီးသီးနဲ့ ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးခဲ့တာကြောင့် ဖြစ် ကြောင်းသိရပါတယ်။ လဲချားမြို့ခံ ဝါရင့်ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်သူ တောင်သူကြီး ဦးထွန်းအေးကလည်း ယခင်နှစ်က လဲချား ခရမ်းစွဲကြက်သွန်ဖြူ တစ်ပိဿာကို ၃၀၀ ကျပ်၊ ၃၅၀ ကျပ် ဈေးသာရခဲ့ပြီး၊ ယခုနှစ်ကြက်သွန်ဖြူပေါ် ချိန်မှာ ဈေးကွက်ကို လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ကြလို့ ဝယ်လက်ကုန်သည်များ ကလည်း ဈေးပေးဝယ်ယူ ခဲ့ကြတာကြောင့်  ဒီနှစ်ကြက်သွန်ဖြူ စိုက်ပျိုးခဲ့မှုအတွက် ကျေနပ်အားရဝမ်းသာပျော်ရွှင်ကြောင်း ပြောကြားခဲ့ ပါတယ်။            မင်းအောင်-တောင်ကြီး