Main menu

Background

ပြည်ပဲဈေးကွက်မှာ မေလနောက်ဆုံးပတ် ပဲဈေးနှုန်းများ ဈေးအပြောင်းအလဲသိပ်မဖြစ်ဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေ

Wed, 06/05/2013 - 15:27 -- ydnar

ယခုမေလနောက်ဆုံးပတ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံ ဈေးနှုန်းများယခင်အပတ်ကအတိုင်းဈေးအပြောင်းအလဲ သိပ် မဖြစ်ဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။ မတ်ပဲမှာ ယခင်အပတ်က ၁၈၀၀၀ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ ၁၇၃၀၀ ကျပ်နဲ့ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည် မြို့နယ်များမှ တစ်ရက်အိတ် ၂၅၀ မှ ၃၀၀ ကျော်အဝင် ရှိသလို ရန်ကုန်ဝယ်လက်ကလည်း နေ့စဉ်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က မေလကုန်မတ်ပဲဈေးမှာ တစ်တင်း ၁၂၃၀၀ ကျပ်သာ ဈေးရခဲ့တဲ့အတွက် ယခုနှစ်မှာ မတ်ပဲဈေး ကောင်း မရဘူးဆို သော်လည်း ယခင်နှစ်ထက်တော့ ဈေးပိုရ ခဲ့ပါတယ်။

ပဲစင်းငုံသီးနှံမှာ ဈေးကွက်ကို ပဲအဝင်လုံးဝမရှိတော့ဘဲ လက်ကျန်ပဲများနဲ့သာ ရန်ကုန်ဝယ်လက်က ယခု တစ်ပတ် အတွင်း နေ့စဉ် ဝယ်ယူခဲ့တာကြောင့် တစ်ရက် အိတ် ၄၀၀ ကျော်မှ ၅၀၀ အထိအရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေး နှုန်းအနေနဲ့ တစ်တင်း ၂၀၅၀၀ ကျပ်နဲ့ ဈေးမှာ သိသိသာသာ မြင့်တက်လာခြင်းမရှိဘဲ ယခင်နှစ်ထက်တော့ ဈေးပိုခဲ့တယ်လို့ သိရပါတယ်။ ပဲကြီးသီးနံှမှာ ဈေးကွက်ကို ပဲအဝင်နည်းလာ ပေမယ့် လက်ကျန်များရှိခဲ့တာကြောင့် နေ့စဉ်အိတ် ၁၅၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ကုလားပဲသီးနှံအနေနဲ့ ပန်းတောင်း၊ ကံမမြို့နယ်များမှ နေ့စဉ်အိတ် ၁၅၀ ခန့်ဝင်ရောက်မှုရှိခဲ့ ကာ ဒေသတွင်း လှောင် လက်သမားနဲ့ ပဲခွဲစက်သမားများမှ ဝယ်ယူခဲ့တာ ကြောင့် အိတ် ၂၀၀ မှ ၂၅၀ ကျော်အထိ အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ကုလားပဲဈေးမှာ ယခင်နှစ်က မေလနောက်ဆုံးပတ် အတွင်း တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် ခဲ့ကြပြီး၊ ယခုနှစ်မေလနောက်ဆုံးပတ်မှာ တစ်တင်း ၁၉၂၀၀ ကျပ်သာ ရရှိခဲ့တဲ့အတွက် ယခင်နှစ်ဈေးကို မမီသေးဘူးလို့ သိရပါတယ်။ ပဲပုပ်မှာ ဈေးကွက်ကို ပဲအဝင်မရှိဘဲ လက်ကျန်ပဲများ သာ ဒေသတွင်း လက်လီသမားများ ဝယ်ယူလျက်ရှိတာ ကြောင့် တစ်ရက် ၁၀ အိတ် ၁၅ အိတ်ခန့်သာအရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ပဲပုပ်ဈေးမှာ ဈေးအတက်အကျ မရှိဘဲ ယခင်ဈေးအတိုင်း တစ်တင်း ၂၂၀၀၀ ကျပ်နဲ့သာ ဈေးငြိမ် နေခဲ့ပါတယ်။ခင်ဆွေဝင်း - ပြည်