Main menu

Background

ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက် မြန်မာပဲစင်းငုံနီဈေးတက်၊ မတ်ပဲဈေးငြိမ်

Wed, 06/05/2013 - 15:28 -- ydnar

အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် မြန်မာပဲစင်းငုံနီကို ပဲခွဲစက်နှင့်ကုန်သည် များက အဝယ်လိုက်လာ၍ဈေးတက် ခဲ့ပြီး မတ်ပဲကို ဈေးမေးစုံစမ်းသူနည်း၍ ဈေးငြိမ်ပါတယ်။ ရာဂျက်စသန်နဲ့ မဒရာပရာဒက်ရှ် ပြည်နယ်တွေက အသစ် ထွက်လာတဲ့ ကုလားပဲ အသစ် တွေ ဒေလီဈေးကွက်ထဲကို ရောက်ရှိ လာနေပြီး ဝယ်လိုအားများတဲ့ အတွက် ဈေးတက်နေကြောင်း သိရပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ အရောင်း  အသွက်ဆုံး ဇွန်လအတွက် ဝယ်လို အားများလို့ ကုလားပဲကြိုပွိုင့်ဈေး ပြန် တက်လာခဲ့ပါတယ်။ မွန်ဘိုင်း ဆိပ်ကမ်း မှာ မြန်မာပဲစင်းငုံကွန်တိန်နာ အလုံး ၃၀  လုံး၊ ခွဲခြမ်း ၆ လုံး၊မတ်ပဲ ၁၀ လုံး၊ ပဲတီစိမ်း ၁၇ လုံး၊ မြေထောက်ပဲ ၁၀ လုံး၊ ကနေဒါပဲနီလေး ၈ လုံး၊ တရုတ် မြေထောက်ပဲ ၂ လုံး၊ မြေထောက်ပဲနီ ၂ လုံး၊ အီသီယိုးပီးယားမြေထောက်ပဲ ၂ လုံး၊ မဒါဂက်စ်ကာ မြေထောက် ၂ လုံး ဝင်ရောက်လာခဲ့ပါတယ်။

ချန်နိုင်းဆိပ်ကမ်းမှာ မတ်ပဲ ကွန် တိန်နာ ၁၅၉ လုံး၊ ပဲတီစိမ်း ၄၆ လုံး၊ ပဲစင်းငုံ ၁၄ လုံး၊ ပဲနီလေး ၁၀၂ လုံး၊ ပဲဝါလေး ၁၈ လုံး၊ ပဲလုံးစိမ်း ၂လုံး၊ မြေ ထောက်ပဲ ၂ လုံး၊ ပဲလွန်းဖြူ ၇လုံး၊ ကုလားပဲ ၆ လုံး ဝင်ရောက်လာခဲ့ပါ တယ်။ အရူနာအစ္စမေးလ်သင်္ဘောနဲ့ မွန်ဘိုင်း ဆိပ်ကမ်းကို ပဲဝါလေးနဲ့ ပဲနီလေး ၅၃၆၆၀ တန် ဝင်ရောက်လာ ခဲ့ပါတယ်။ ပဲတီစိမ်းကတော့  ပဲသစ် တွေ ဝင်ရောက်လာတဲ့အပြင် ဝယ်လို အားနည်းတဲ့အတွက် ဈေးဆက် နည်း နိုင်တယ်လို့ ခန့်မှန်းရရှိပါတယ်။ တတိယအကြိမ်ခန့်မှန်းချက်အရ မတ်ပဲ တန်ချိန် ၁ဒသမ၈၇ သန်း၊ ပဲစင်း ငုံ ၃ ဒသမ ၀၄သန်း၊ကုလားပဲ ၈ဒသမ ၄၉သန်း၊ ပဲတီစိမ်း ၁ဒသမ၁၈သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။နှင်းဧကရီ (DOTP)