ဟေတီသို့ ဗီယက်နမ်မှ ဆန်တန်ချိန် သုံးသောင်းကျော်တင်ပို့
ပြည်တွင်း ဆန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းကျောင်းနိုင်ရန် အတွက် ဟေတီနိုင်ငံဟာ ဗီယက်နမ်နိုင်ငံမှဆန်တန် ၃၃၀၀၀ ကို မကြာမီ ကာလအတွင်း တင်သွင်းတော့မယ်လို့ ဟေတီ ငွေကြေး ဖွံ့ဖြိုးတိုးတက်ရေးထောက်ပံ့ရေး ဗျူရိုမှ ညွှန်ကြားရေး မှူးချုပ် Mrs. Michael Lecorps က ပြောကြားခဲ့တာဖြစ် ပါတယ်။ မတ်လအတွင်းက ဗီယက်နမ် ဆန်တန်ချိန် ၄၀၀ ကိုလည်း တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ ဗီယက်နမ်ဆန်ရဲ့ အရည်အသွေးကောင်းမွန်မှု နဲ့ စပ်လျဉ်းပြီး ဗီယက်နမ်ဆန်ဟာ ဈေးသင့်ပြီး ချက်ပြုတ်စားသောက်ရာမှာလည်း အဆင်ပြေ တယ်၊ အခြား အိမ်နီးချင်းနိုင်ငံများကဆန်ထက် ကောင်းမွန် တယ်လို့ Michael က အလေးထား ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ အရည်အသွေးမြင့်ဆန်ကို သင့်တင့်မျှတ သော ဈေးနဲ့ရောင်းချတဲ့အတွက် ထပ်မံ၍အများအပြား တင် သွင်းသွားမယ်လို့လည်း Mrs. Michael ကပြောပါတယ်။ ယမန်နှစ် ဒီဇင်ဘာလအတွင်း ဗီယက်နမ် နိုင်ငံသို့ အလည်အပတ်ရောက်ခဲ့တဲ့ ဟေတီဝန်ကြီးချုပ် Salvador Lamothe က ဟေတီနိုင်ငံဟာ နှစ်စဉ်ဆန်စားသုံးမှု ပမာဏတန် ၄၀၀၀၀ ဝန်းကျင်ရှိသော်လည်း ပြည်တွင်း ထုတ် လုပ်နိုင်မှုဟာ တန် ၁၀၀၀၀ ခန့်သာရှိတယ်လို့ သူ့ရဲ့ခရီးစဉ် အတွင်းမှာပြောကြားခဲ့ပါတယ်။ CMK
