Main menu

Background

မုံရွာကုန်စည်ဒိုင် မေလကုန်ပတ် ပဲဈေးကွက်ငုံနီ၊ စိမ်းကြီးအရောင်းသွက်

Wed, 06/05/2013 - 15:34 -- ydnar

မုံရွာကုန်စည်ဒိုင် မေလကုန်ပတ် ပဲဈေးကွက်မှာ  ပြည် တွင်းသုံး ပဲများ ဈေးအေးအရောင်းအေးနေခဲ့ပြီး၊Export ပဲဖြစ်တဲ့ ငုံနီနဲ့ စိမ်းကြီးကတော့ ဈေးအေးပေမယ့် အရောင်း အဝယ်သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ် ပတ် ကုလားပဲဈေးကွက်အနေနဲ့ Export အဝယ်မရှိပေမယ့် ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက် နဲ့ ပဲကြော်ဖို ပဲလက်လီအဝယ်ပုံမှန်ရှိခဲ့လို့ ဈေးငြိမ်နေခဲ့ပါတယ်။ ပေါက်ဈေး အားဖြင့် V2တစ်တင်း၁၁၆၀၀ ကျပ်ထိုင်ဝမ်တစ်တင်း ၁၈၀၀၀ ကျပ်၊ ကုလားပဲရိုးရိုး ၁၇၉၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၈၁၀၀ ကျပ်အသီးသီးအမြင့်ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း ကုလားပဲမျိုးစုံ အိတ် ၃၀၀၀ ကျော်ရှိတယ်လို့ ကုန်သည်ရပ် ကွက်က ဆိုပါတယ်။

ယခုတစ်ပတ် ငုံနီဈေးကွက်မှာ ရန်ကုန်လက် နေ့စဉ် အဝင်ရှိခဲ့လို့ တစ်နေ့ကိုအိတ် ၁၅၀၀ ကျော် အရောင်း အဝယ် ပုံမှန်ဖြစ်ခဲ့ပြီး၊ ပေါက်ဈေးအနေနဲ့ တစ်တင်း၂၀၅၀၀ကျပ် - ၂၁၀၀၀ ကျပ်ကြား ဖြစ်ပေါ်ခဲ့ပါတယ်။ ငုံနီစီးဆင်း မှုအနေနဲ့ ယခုတစ်ပတ်အတွင်း မုံရွာကနေ ရန်ကုန်ကို ကုန်းလမ်းကနေ အိတ် ၁၀၀၀၀ ကျော်တင်ပို့ခဲ့ကြတယ်လို့ သယ်ယူပို့ဆောင် ရေးရပ်ကွက်က ကြားသိရပါတယ်။ နယ်စုံကပဲတီစိမ်းကြီးတွေ ယခုပတ်အတွင်း ဒိုင်ကို အဝင် စိတ်လာခဲ့ကာ တရုတ်လိုင်းအတွက် ဝယ်လက်အား ကောင်း လို့ တစ်တင်း ၂၆၀၀၀ ကျပ်ထိ ဈေးရလာခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ဒိုင်မှာ ဝင်လာသမျှ  ဝယ်လိုအားရှိ လို့ တစ်ရက်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားဖြစ်ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်ကဆို ပါတယ်။ ထောပတ်ပဲနဲ့ စွန်တာနီဈေးကွက်က တော့ ဒေသတွင်း လုပ်ငန်းသုံး အဝယ်နဲ့ ရန်ကုန်ဝယ်လက် အနည်းငယ် ရှိခဲ့လို့ ဈေးငြိမ်နေခဲ့ရာ ထောပတ်ပဲ တစ်တင်း ၁၆၇၀၀ ကျပ်နဲ့ စွန်တာနီတစ်တင်း ၁၆၇၀၀ ကျပ်အသီးသီး ဈေးပေါက်ခဲ့ပါတယ်။ အရောင်းအဝယ်အားဖြင့် ပဲနှစ်မျိုး ပေါင်းတစ်ရက်အိတ် ၉၀၀ မှ ၁၀၀၀ ကြားရှိခဲ့တယ်လို့ ပွဲရုံရပ် ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် ပဲကြီးဈေးကွက်မှာလည်း ကုန်သည်လက် ကျန် လျော့နည်းလာ လို့ ဈေးအနည်းငယ် မြောက်လာခါ တစ်တင်းကုန်းပဲ ၂၉၇၀၀ ကျပ်နဲ့ရေပဲ ၃၂၀၀၀ ကျပ်ထိ ပေါက် ဈေးဖြစ်ခဲ့ ပါတယ်။ ဒေသတွင်း ပဲကြော်ဖို သမားနဲ့ နယ်ဝယ် လက် အသင့်အတင့်ရှိလို့ တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Export ဝယ်လို အားရှိတဲ့ ပုဂံပဲကတော့ ဒိုင်မှာလက်ကျန် မရှိသလောက် နည်းနေလို့ ဝယ်လက်က လက်လီစုဝယ်နေရကာ တစ်ရက် အိတ် ၅၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ တစ်တင်း ၂၃၅၀၀ ကျပ်ထိ ပေါက်ဈေး ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ ယခုအခါ ကုန်သည်နဲ့ ပွဲစားတွေလက်မှာရှိတဲ့ Export ပဲအချို့ ပေါက်ဈေးမကြိုက်လို့ ထုတ်မရောင်းကြသေး သလို ငွေမျှော်ပဲဖလှယ်လိုတဲ့ကုန်သည်အချို့ပစ္စည်းထိန်းရောင်းနေတဲ့အတွက် ဈေးကွက် အေးနေခြင်းဖြစ်တယ် လို့ လေ့လာသိရှိရပါတယ်။ထွန်းလှိုင် - မုံရွာ