Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်

Wed, 06/12/2013 - 11:10 -- ydnar

အမေရိကန်စီးပွားရေး ကိန်းဂဏန်း အချက်အလက်တွေက မူလခန့်မှန်းတာ ထက်ကျဆင်းလာတဲ့အတွက် ဒေါ် လာ ဖြန့်ဖြူးမှုကို မြင့်တက်စေတဲ့ ရရန် ပိုင် ခွင့်စာချုပ်စာတမ်း (အက်ဆက်) တွေ ဝယ်ယူတာကို အမေရိကန်ဗဟို ဘဏ်က လျှော့ချလိမ့်မယ်လို့ ခန့်မှန်း လာကြပါ တယ်။ ဒါကြောင့် တောင်ကို ရီးယားဝမ် ကဦးဆောင်ပြီး အာရှငွေကြေးတွေ တန် ဖိုးမြင့်တက်လာခဲ့ပါတယ်။ရက်သတ္တပတ် ကအလိုက်တိုးတက်နှုန်းက စက်တင် ဘာ နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ခဲ့ပါ တယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ကုန် ချောထုတ်လုပ်မှုက မမျှော်လင့်ဘဲ လွန် ခဲတဲ့လကကျဆင်းခဲ့ပါတယ်။ ဒါကြောင့် စက်ရုံတွေကရရှိတဲ့အမှစာတွေကလည်း မူလခန့်မှန်းချက်နဲ့လွဲချော်တာကို ယခု ရက်သတ္တပတ်ထုတ်ပြန်တဲ့ စာရင်းဇ ယားတွေအရ တွေ့ရပါတယ်။ လယ် ယာလုပ်ငန်းမှအပဖြစ်တဲ့ အလုပ်အကိုင် တွေကလည်း မေလမှာ ၁၆၃၀၀၀ တိုး တက်ခဲ့လို့ ဧပြီကရှိတဲ့ တိုးတက်မှု ၁၆၅၀၀၀ အောက်လျော့ နည်းခဲ့တာကို ဘလွမ်းဘတ်ကပြုစုတဲ့ အစီရင်ခံစာအရ တွေ့ရပါတယ်။
 
တရုတ်ယွမ် ဇွန် ၇ ရက်မှာပြုလုပ်မဲ့ တရုတ် နိုင်ငံသမ္မတ ရှီကျင်းပင်နဲ့ အမေရိကန် သမ္မတ ဘားရက်အိုဘားမားတို့ရဲ့  အစည်းအဝေး မတိုင်မီ တရုတ်ဗဟို ဘဏ်က ဗဟိုဘဏ်ရဲ့ ရည်ညွှန်းအတိုး နှုန်းကို အမြင့်ဆုံးထားပြီး သတ်မှတ်ပေး ခဲ့ပါတယ်။ တရုတ် ဗဟိုဘဏ်က အတိုးနှုန်း သတ်မှတ်ချက်ကို သုည ဒသမ ၉ ရာ ခိုင်နှုန်းအထိ စံချိန်တင်တိုးမြှင့်ပြီးတစ် ဒေါ်လာကို ၆ ဒသမ ၁၆၂၀ ယွမ်နှုန်း အထိသတ်မှတ်ခဲ့ပါတယ်။ ယခုတိုး တက် နှုန်းကမေလနောက်ပိုင်းအမြင့်ဆုံးတိုး တက်မှာ ဖြစ်ပါတယ်။ လက်ငင်းဈေး ကွက်မှာ အပြောင်းအလဲ အနည်းငယ် သာရှိခဲ့ပါတယ်။ ယွမ်တန်ဖိုးက ယခုနှစ် အတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက် ခဲ့ပြီး အာရှ ငွေကြေးတွေထဲမှာ စွမ်း ဆောင်ရည် အကောင်းဆုံး ဖြစ်ခဲ့ပါ တယ်။
အိန္ဒိရူပီး ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ် တချို့ကဒေါ်လာတွေကို ထုတ်ရောင်း လာတဲ့အတွက် ဘဏ်အချင်း ချင်းနိုင်ငံ ခြားငွေဖလှယ်ရာမှာ ရူပီးတန်ဖိုးက ဇွန် ၇ ရက်မှာ သုည ဒသမ ၁၅ ရူပီးနှုန်း ပြန်လည်ဦးမော့လာပြီး တစ်ဒေါ်လာကို ၅၆ ဒသမ ၆၉ ရူပီးနှုန်းရှိခဲ့ပါတယ်။ မေလအတွက် အမေရိကန်အလုပ် အကိုင်အခြေအနေမထုတ်ပြန်မီ ကမ္ဘာ့ ဈေးကွက်ထဲမှာ ယူရိုနဲ့ယန်းတို့ဖလှယ် ရာမှာ ဒေါ်လာ အားနည်းလာခြင်းနဲ့ အတူ ဥရောပ ဗဟိုဘဏ်နဲ့ အင်္ဂလန် ဘဏ်တို့က ငွေကြေးမူဝါဒ မပြောင်းမ လဲထားခဲ့တဲ့အတွက် ရူပီးငွေကြေးကို အထောက်အကူဖြစ်စေပြန်ပါတယ်။
ဂျပန်ယန်း ဥရောပဗဟိုဘဏ်နဲ့ အင်္ဂလန် ဘဏ်တို့နှစ်ခုစလုံးကငွေကြေးမူဝါဒကို မပြောင်းမလဲဘဲထား ခဲ့ပြီးနောက် ပိုင်း ဒေါ်လာငွေကြေးအပေါ်ယုံကြည်မှု ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ဇွန် ၆ ရက်က ယူရို၊ ယန်းငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးကျဆင်း ခဲ့ပါတယ်။ ဒေါ်လာတန်ဖိုးကယူရိုနဲ့ ဖလှယ်ရာမှာ ၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ယန်းနဲ့ဖလှယ်ရာမှာ သုံးရာခိုင်နှုန်း ကျော်ကျဆင်းခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက ဇွန် ၅ ရက်ညနေပိုင်းကတစ်ယူရိုကို ၁ ဒသမ ၃၀၈၉ ဒေါ်လာနှုန်းမှ ဇွန် ၆ ရက်ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၃၂၄၃ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။ ဒေါ်လာနဲ့ ယန်းဖ လှယ်နှုန်းကတစ်ဒေါ်လာကို ၉၉ ဒသမ ၁၆ ယန်းကနေတစ်ဒေါ်လာကို ၉၇ ဒသမ ၀၇ ယန်းထိတိုးမြင့်ခဲ့ပါ တယ်။
မလေးရှားရင်းဂစ် မလေးရှားရဲ့ ပင်လယ်ရပ်ခြား ရောင်းချမှုတွေက ပြန်လည်ဦးမော့လာ တဲ့အတွက် ရင်းဂစ်တန်ဖိုးကလေ့လာ ဆန်းစစ်သူတွေခန့်မှန်းထားတဲ့အတိုင်း တိုးတက်ခဲ့ပါတယ်။ ပြည်ပတင်ပို့မှုက မတ်လက ၂ ဒသမ ၉ ရာခိုင်နှုန်းကျ ဆင်းရာမှ ဧပြီမှာ သုည ဒသမ ၄ ရာ  ခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘလွမ်း ဘတ်မှာဖော်ပြထားပါတယ်။ ဒေါ်လာတန်ဖိုးကျဆင်းနေချိန် မှာ ပြည်တွင်း ငွေကြေးအတွက် ဝယ် လိုအား မြင့်လာတာကြောင့် ကွာလာ လမ်ပူမှာ ဇွန် ၇ ရက်မနက်က အမေ ရိကန်ဒေါ်လာနဲ့ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဇွန် ၆ ရက် ညနေငါးနာရီနိုင်ငံခြားငွေဖလှယ်နှုန်း က တစ်ဒေါ်လာကို ၃ ဒသမ ၀၈၁၅ ရင်းဂစ်နှုန်းရှိရာမှ ဇွန် ၇ ရက်မနက် ၉ နာရီမှာတစ်ဒေါ်လာကို ၃ ဒသမ ၀၇၃၅ ရင်းဂစ်နှုန်းထိ ရင်းဂစ်တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စီး ပွားရေးအခြေအနေတွေအပေါ် စိုးရိမ် မှုကြောင့် ရင်းဂစ်အပေါ်ယုံကြည်မှုက ကျရိပ်ပြနေပါတယ်။ အခြားငွေကြေး များနဲ့ဖလှယ်ရာမှာမူ ရင်းဂစ်တန်ဖိုး ကျခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် တောင်ကိုရီးယားဝမ်တန်ဖိုးက လွန်ခဲ့တဲ့တစ်လကျော်က ပထမသုံးလ အကြိမ်ကျဆင်းခဲ့ပါတယ်။ ဇွန် ၇ ရက် မှာတော့ ဝမ်တန်ဖိုးက ယခုရက်သတ္တ ပတ်အတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်ဒေါ်လာကို ၁၁၁၁ ဒသမ ၁၅ ဝမ်နှုန်းရှိခဲ့ရာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာနောက်ပိုင်းအမြင့်ဆုံးဖြစ် ကြောင်းဘလွမ်းဘတ်ကပြုစုထားတဲ့ အစီရင်ခံစာအရ တွေ့ရပါတယ်။ ယခု ရက်သတ္တပတ်အတွင်းမှာ ဝမ်ငွေတန် ဖိုးမြင့်တက်ခဲ့ပေမဲ့ ယန်းငွေတန်ဖိုးက လည်း ဒေါ်လာနဲ့ဖလှယ်ရာမှာ ၄ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့တဲ့ အတွက် ကမ္ဘာ့ဈေးကွက်မှာ ကမ္ဘာ့ဈေး ကွက်မှာ ဂျပန်ပြိုင်ဖက်တွေနဲ့ယှဉ်တဲ့ အခါ ကိုရီးယားကုန်တွေဈေးသက်သာ ခဲ့ပါတယ်။
ထိုင်းဘတ် ထိုင်းဘတ်တန်ဖိုးက ဇွန် ၇ ရက် မှာ ၁ ရာခိုင်နှုန်းကျဆင်းပြီးတစ်ဒေါ် လာကို ၃၀ ဒသမ ၆၅ ဘတ်နှုန်းရှိခဲ့ ပါတယ်။ သတ္တမမြောက်ရက်သတ္တပတ် အဖြစ်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။  ဇွန် ၆ ရက်မှာကုန်ဆုံးတဲ့ ယခုရက်သတ္တ ပတ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေက ထိုင်းရှယ်ယာတွေကို ဒေါ် လာ ၅၆၈ သန်းအထိအသားတင်ပိုမို ဝယ်ယူခဲ့တာကို နိုင်ငံခြားငွေဖလှယ်ရေး ဒိုင်များရဲ့ စာရင်းအရတွေ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ထိုင်းဘတ်ငွေအပေါ်ယုံကြည်မှုက အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့တာတွေ့ ရပါတယ်။