Main menu

Background

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ယွမ်ငွေကြေးနဲ့ ဆောင်ရွက်ဖို့ တရုတ်နိုင်ငံက တိုးမြှင့်အတည်ပြု

Wed, 06/12/2013 - 11:10 -- ydnar

ပြည်ပမတည်ငွေဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံဖို့  ပြည်ပရင်းနှီး မြှုပ်နှံမှု အတွက် သတ်မှတ်ထားတဲ့ငွေ ထဲကနေ တရုတ်နိုင်ငံက ယွမ်ငွေ ၁၅ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၅၄ ဘီလီယံ) ကိုခွဲတမ်းအဖြစ် မေလက သတ်မှတ် ပေးခဲ့ပါတယ်။ ယခုနှစ်အတွင်း အများဆုံးခွင့်ပြုတဲ့ပမာဏ ဖြစ်ပြီး ယွမ်ငွေကြေး က နိုင်ငံခြားသားတွေကို ပိုမိုဆွဲဆောင်နိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့က ယွမ်ငွေကြေးကို ပြည်ပမှာရင်းနှီးမြှုပ်နှံ မဲ့ အစီအစဉ်ဖြစ်တဲ့ Renminbi  Qualified Foreign Institutional  Investor (RQFII)  အစီအစဉ်ကို တိုးချဲ့ဖို့ စီစဉ်နေတဲ့အတွက် ဖေဖော်ဝါရီနဲ့ မတ်လမှာ ဒီအစီအစဉ်အရခွင့်ပြုငွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။ ဧပြီလမှာ ဒီအစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုခွဲတမ်းကို ယွမ် ၆ ဒသမ ၃ ဘီလီယံထိခွင့်ပြုခဲ့ပါတယ်။ RQFII အစီအစဉ်ကို ၂၀၁၁ ခုနှစ် ကစတင်ဆောင်ရွက်ခဲ့ပြီး ဒီအစီအစဉ် အရတရုတ်စတော့ရှယ်ယာတွေနဲ့ ဘွန်းစာချုပ်တွေကို ပြည်ပရင်းနှီးမြှုပ်နှံသူ တွေကဝယ်ယူတဲ့အခါ ပင်လယ်ရပ်ခြား မှာအသုံးပြုမဲ့ယွမ်ငွေကြေး ခွဲတမ်းထဲက ယွမ်ငွေနဲ့ဝယ်ယူခွင့်ပြုခဲ့ပါတယ်။    ယခုအချိန်ထိ ဒီအစီအစဉ်ထဲမှာ ပြည်ပဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ လက် အောက်ခံဖြစ်တဲ့ ဟောင်ကောင်ရှိလုပ် ငန်းခွဲတွေကို ခွင့်ပြုထားပါတယ်။ ဒါပေ မဲ့ Alliance Bernstein   နဲ့ ဟန်ဆန်း  ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးလို နိုင်ငံခြား အဖွဲ့အစည်းတွေကိုလည်းပါဝင်ဖို့ လျှောက်ထားခွင့်ပြုထားကြောင်း ဒီလုပ်ငန်းနဲ့ တိုက်ရိုက်ဆက်သွယ်နေတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။