ပေကျင်း တရုတ်စီးပွားရေးက ဒီနှစ်ထဲမှာ ခန့်မှန်းထားတာထက်ပိုမိုကျဆင်းမှာ ဖြစ်ကြောင်း ဂျေပီမော်ဂန်က တရုတ် နိုင်ငံရဲ့ စီးပွားရေးကို ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်း ခဲ့ပေမဲ့ စီးပွားရေးကိန်းဂဏန်းအချက် အလက်တွေ အားနည်းလာတဲ့ အတွက် တရုတ် ဂျီဒီပီတိုးတက်နှုန်း က ၂၀၁၃ ခုနှစ်မှာ ၇ ဒသမ ၆ ရာ ခိုင်နှုန်းသာ ရှိတော့မှာ ဖြစ်ကြောင်း ဂျေပီမော်ဂန်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဥက္ကဌ ချူဟိုင်ဘင်က ဇွန် ၆ ရက်က ပြောပါတယ်။
ရောမ နို့နဲ့သကြားဈေးတွေ ကျဆင်း တဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေး နှုန်းတွေမေလအတွင်းမှာအနည်းငယ် ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂ စား နပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေး အဖွဲ့က ဇွန် ၆ ရက်ကပြောပါတယ်။ ကုန်စည် အုပ်စုငါးခုရဲ့ ဈေးနှုန်း အပြောင်းအလဲတွေကို ဖော်ပြတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ကမ္ဘာ့ အစားအစာအညွှန်းကိန်းက ဧပြီက ၂၁၅ ဒသမ ၈ မှတ်ရှိခဲ့ရာမှ အနည်း ငယ် ကျဆင်းပြီး ၂၁၅ ဒသမ ၂ မှတ် ရှိခဲ့ပါတယ်။
ဝါရှင်တန် ဂရိနိုင်ငံကို ပထမဆုံးပေးတဲ့ ကယ်တင်ရေး အစီအစဉ်ကရရှိတဲ့ သင်ခန်းစာတွေကနေ ပညာပေး ခဲ့ပြီး ဖြစ်ကြောင်း နဲ့ လက်ရှိ ကယ်တင်ရေး အစီအစဉ်က လမ်းကြောင်းမှန်ပေါ် ကို ပြန်လည် ရောက်ရှိ လာပြီဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေ ကြေး ရန်ပုံငွေအဖွဲ့က ပြောရေး ဆို ခွင့်ရှိသူ ဂယ်ရီရိုက်က ဝါရှင်တန်ဒီစီ မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
ဆိုးလ် စားသုံးသူ သုံးစွဲမှု ကျဆင်းပြီး တောင်ကိုရီးယားဝမ်နဲ့ဖလှယ်ရာမှာ ယန်းငွေတန်ဖိုးကျဆင်းတဲ့အတွက် ပို့ ကုန်ကျဆင်းမှုတွေကြောင့် တောင်ကို ရီးယား စီးပွားရေးက ပထမသုံးလ ပတ်မှာ စောစောပိုင်း ခန့်မှန်းထား တာထက် ကျဆင်းခဲ့ကြောင်း တောင် ကိုရီးယားဗဟိုဘဏ်က ဇွန် ၇ ရက် က ပြောပါတယ်။ တောင်ကိုရီးယား ရဲ့ ဂျီဒီပီက ယခင်သုံးလပတ်နဲ့ နှိုင်း ယှဉ်ရင် မူလက သုည ဒသမ ၉ ရာ ခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထား ရာမှာယခုအခါ သုည ဒသမ ၈ ရာ ခိုင်နှုန်းတိုးတက်မယ်လို့ ဗဟိုဘဏ် က ပြင်ဆင် ခန့်မှန်းပါတယ်။