Main menu

Background

အမေရိကန်ပြည်ထောင်စုပိုင် သတ္တုတွင်းကို ထုတ်လုပ်မှုရပ်ဆိုင်းဖို့ အင်ဒိုနီးရှား အမိန့်ပေး

Wed, 06/12/2013 - 11:17 -- ydnar

မကြာသေးမီကဖြစ်ပွားခဲ့တဲ့ လူ သေမှုအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ် နေတဲ့ကာလအတွင်း အမေရိ ကန်ပြည် ထောင်စုပိုင်ရွှေနဲ့ကြေးနီသတ္တုတွင်းရဲ့ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားဖို့ အင်ဒိုနီး ရှားအစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း အဆင့်မြင့်အရာရှိကြီးတွေက ဇွန် ၃ ရက်ကပြောပါတယ်။ လွတ်လပ်တဲ့အဖွဲ့ က ပြုလုပ်တဲ့စုံစမ်းစစ်ဆေးမှုကာလက နှစ်လ၊ သုံးလလောက်ကြာမြင့်မယ်လို့ ခန့်မှန်းထားပြီး ဒီကာလအတွင်း မှာ ပြု ပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုသာ ဆောင်ရွက်ခွင့်ပြုမယ်လို့ သတ္တုတွင်းနဲ့ စွမ်းအင်ဝန်ကြီး ဂျယ်ဂိုဝါဆစ် က ပြော ပါတယ်။

အရှေ့ပိုင်းဒေသပါပူအာ ပြည်နယ် ရှိ ဂရပ်စဘတ်သတ္တုတွင်းရှိ မြေအောက် လေ့ကျင့်ရေးစခန်းမှာ မေ ၁၄ ရက်က မြေပြိုပြီး အလုပ်သမား ၂၈ ဦးသေဆုံး ခဲ့ပါတယ်။ သတ္တုတွင်းကို အရီးဇိုနား အခြေစိုက် ဖရီးပိုးမက် မိုရန်ကြေးနီနဲ့ ရွှေလုပ်ငန်းကုမ္ပဏီလက်အောက်ခံ ဖီး နစ်ကပိုင်ဆိုင်ပြီး တစ်ရက်ကိုသတ္တုရိုင်း တန် ၂၂၀၀၀၀ ထုတ်လုပ်လျက်ရှိရာ ပွင့် လင်းသတ္တုမိုင်းမှ တန် ၁၄၀၀၀၀ နဲ့ မြေအောက်သတ္တုတွင်းက တန် ၈၀၀၀၀ ထုတ်လုပ်ပါတယ်။ ကုမ္ပဏီရဲ့သတ္တုမိုင်းတွေကို ပမာဏ ဘေးအန္တရာယ် ကင်းရှင်းမှု စစ်ဆေးရေး လုပ်ငန်းတွေဆောင်ရွက် ပြီဖြစ်ကြောင်းနဲ့ သတ္တုတွင်းပြိုကျမှုကို စစ်ဆေးမဲ့ကုမ္ပဏီ ရဲ့ ကိုယ်ပိုင်အဖွဲ့ကို ဖွဲ့ပြီးဖြစ်ကြောင်း ဖလီးပို့က ကုမ္ပဏီက ပြောပါတယ်။ သတ္တုတွင်းတူးဖော်ရေးလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ကြိုးပမ်းဆောင်ရွက် ရာမှာ ကုမ္ပဏီက ပူးပေါင်းဆောင်ရွက် မှာဖြစ်ကြောင်း ဖရီးပို့အင်ဒိုနီးရှားရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေစီပရိုင်မာယန်တီ ကပြောပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်းမှာရှိတဲ့ သတ္တု တွင်းကုမ္ပဏီအားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးအကဲဖြတ်ဖို့ သမ္မတ ဆူဆီလို ဘမ်ဘန်းယူဒိုယိုနိုက အရာရှိတွေကို အမိန့်ပေးထားပါတယ်။ ဥမင် လိုဏ် ခေါင်းပြိုကျပြီးနောက် ဂရက်စဘတ်ရှိ လုပ်ငန်းရပ်များကို မေ ၂၈ ရက်ထိရက် သတ္တ ပတ် နှစ်ပတ်ရပ်ဆိုင်းထားပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များက လုပ်ငန်းစ တင်ခဲ့သောဤသတ္တုတွင်းတွင် လုပ် သား ၂၀၀၀၀ ကျော်လုပ်ကိုင်လျက်ရှိပါ တယ်။