Main menu

Background

စင်ကာပူရဲ့ ကုန်ချောပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်

Wed, 06/12/2013 - 11:18 -- ydnar

အမှာစာသစ်များ တိုးတက်ရရှိခဲ့ သည့်အတွက် စင်ကာပူနိုင်ငံရဲ့ကုန်ချော ထုတ်လုပ်မှု လုပ်ငန်းတွေက မေလ အတွင်းမှာ တိုးတက်နှုန်း လျင်မြန်ခဲ့ ကြောင်းနဲ့ စင်ကာပူနိုင်ငံတွင်းရှိ စက်ရုံ တွေရဲ့ အခြေအနေ တစ်ဆစ်ချိုး ပြောင်း လဲတဲ့ လက္ခဏာကို ပြသလာကြောင်း လုပ်ငန်းဆိုင်ရာ စစ်တမ်းတစ်စောင်မှာ မေ ၃ ရက်က တွေ့ရပါတယ်။

စင်ကာပူနိုင်ငံရဲ့ ဝယ်ယူသူမန်နေ ဂျာများအညွှန်းကိန်း(Purchasing Managers Index) က ဧပြီမှာ ၅၀ ဒသမ ၃ မှတ်ရှိရာမှ မေလမှာ ၅၁ ဒသမ ၁ မှတ်ကို ရောက်ရှိခဲ့ကြောင်း စင်ကာပူဝယ်ယူသူများနဲ့ ကုန်ကြမ်း ပစ္စည်းများစီမံခန့်ခွဲမှုသိပ္ပံကထုတ်ပြန် တဲ့ ဒီအညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။ အီလက်ထရွန်းနစ်ထုတ်လုပ်မှုနဲ့ ဆေးဝါးထုတ်လုပ်မှုမြင့်တက်လာတဲ့ အတွက် စင်ကာပူရဲ့ဧပြီလကုန်ထုတ် လုပ်မှုက ခန့်မှန်းထားတာထက် ပိုမိုခဲ့ ကြောင်း စင်ကာပူနိုင်ငံက လွန်ခဲ့တဲ့ မေ လကကြေညာခဲ့ပါတယ်။ စင်ကာပူအီလက်ထရွန်းနစ်ထုတ် လုပ်မှုရဲ့ (PMI)  အညွှန်းကိန်းကို ကြည့်ရင်ဧပြီက ၅၁ ဒသမ ၂ မှတ်ရှိရာ မှ ၅၁ ဒသမ ၄ မှတ်ထိ ရောက်ခဲ့တဲ့ အတွက် စီးပွားရေး အတက်အကျ အတွက်သတ်မှတ်ထားတဲ့ ၅၀ မှတ်ကို ကျော်လွန်ခဲ့တာ လေးလမြောက်ထိရှိ ခဲ့ပါတယ်။ စင်ကာပူရဲ့ကုန်ချောထုတ်လုပ်မှု ပြန်လည်နာလန်ထူလာတာက HSBC  ဘဏ်နဲ့ မားကစ်အေဂျင်စီတို့က တရုတ် နိုင်ငံရဲ့ (PMI) ကို သတ္တမမြောက် လ အဖြစ် ၅၀ မှတ်အောက်သတ်မှတ်တဲ့ အချိန်နဲ့တိုက်ဆိုင်နေပါတယ်။