Main menu

Background

ယခုနှစ်ကုန်မှာ ယူရိုဇုန် တစ်စစ နာလန်ထူလာမည်

Wed, 06/12/2013 - 11:23 -- ydnar

ဒီနှစ်ကုန်ကအစပြုပြီး ကြွေးမြီအကျပ်အတည်းဒဏ်ခံယူရိုဇုန်က တစ်စစ ပြန်လည်နာလန်ထူလာမည်" ဟု ဥရောပသမဂ္ဂက ခန့်မှန်းကြောင်းဥရောပ ဗဟိုဘဏ်ဥက္ကဌ မာရီယိုဒရပ်ကီက ဇွန် ၃ ရက်ကပြောသည်။ "ယူရိုငွေကြေးသုံးနယ်မြေရဲ့ စီးပွားရေး အခြေအနေက စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ တည်ငြိမ်တော့မဲ့ လက္ခဏာတချို့ကို တွေ့ရပါ တယ်။ ဒီနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး တစ်စစပြန်လည်နာလန်ထူလာ လိမ့် မယ်လို့တော့ ခန့်မှန်းထားပါတယ်" လို့ ရှန်ဟဲမှာ ပြုလုပ်နေတဲ့ ဘဏ္ဍာရေး ကွန်ဖရင့်မှာ သူက ပြောပါတယ်။

စီးပွားရေး ဆုတ်ကပ်ဒဏ်ခံနေရတဲ့ ယူ ရိုဇုန်စီးပွားရေးကို တွန်းအားပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပြီးခဲ့တဲ့လထဲမှာ ဥရောပ ဗဟိုဘဏ်က အတိုးနှုန်းတွေ လျှော့ချခဲ့ပါတယ်။ ပြန်လည်ထုတ်ချေးတဲ့ ငွေတွေအတွက် အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းလျှော့ချပြီး သုည ဒသမ ၅၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ် ပေးခဲ့ပါတယ်။ ယူရိုနယ်မြေအတွင်းမှာ ဈေးနှုန်းတည်ငြိမ်မှုရှိအောင်ဆောင်ရွက်ပေးပြီး ဥရောပဗဟိုဘဏ်က မေခရို စီးပွားရေး လုပ်ဆောင်မှုတွေကို အထောက်အပံ့ ပေးသွားမှာဖြစ်ကြောင်း ဒရပ်ဂီ က ပြောပါတယ်။ အနာဂတ်မှာဖြစ်ပေါ်လာမဲ့  စိန်ခေါ်မှုတွေကို တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ရဲ့ မူဝါဒတွေကို တွက်ချက်ဆောင်ရွက်ရာမှာ ဥရောပ ဗဟိုဘဏ် က ငွေကြေးမူဝါဒဆိုင်ရာမူဘောင်ကို အလေးပေး ဆောင်ရွက်သွား မှာဖြစ် ကြောင်း သူကပြောပါတယ်။ မူဝါဒချမှတ်သူတွေက သူတို့ရဲ့ပြည်တွင်းစီးပွားရေးတွေကို ပြုပြင် ဆောင် ရွက်သွားရင်း တစ်ပြိုင်နက်ထဲမှာ အဖွဲ့အစည်းရဲ့ ဥရောပအဆင့်အနေအ ထား ကိုပါဆောင်ရွက်သွားကြလိမ့်မယ်လို့ ယုံကြည်ကြောင်း သူက ပြောပါ တယ်။