Main menu

Background

အလုပ်အကိုင် တိုးမြှင့်ဖန်တီးဖို့ လိုကြောင်း ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးပြော

Wed, 06/12/2013 - 11:20 -- ydnar

အလုပ်အကိုင်ဖန်းတီမှုတိုးမြှင့်ဖို့ လိုကြောင်းနဲ့ တောင်ကိုရီးယားဘဏ္ဍာ ရေးဝန်ကြီးက ဇွန် ၆ ရက်ကပြောကြား ပြီး စီးပွားရေးလုပ်ငန်းတွေမှာ အမျိုး သမီးတွေပိုမိုပါဝင်ဖို့ အားပေးခဲ့ပါတယ်။

"တစ်ကမ္ဘာလုံးအနေနဲ့ကြည့်ရင် အလုပ်အကိုင်ရရှိမှုနှုန်းတိုးမြှင့်ရေးက မူဝါဒရေးဆွဲသူတွေအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။ စီးပွားရေးလုပ် ငန်းတွေဆောင်ရွက်ရာမှာ အမျိုးသမီး တွေပါဝင်အောင်အားပေးဖို့ အရေးကြီး ပါတယ်" လို့ တောင်ကိုရီးယားဗဟို ဘဏ်အုပ်ချုပ်ရေးမှူး ကင်ချုံဆူးနဲ့ အစည်းအဝေးမကျင်းပမီ ဘဏ္ဍာရေး ဝန်ကြီးဟွန်ဒိုဆုပ်ကပြောပါတယ်။ အလုပ်အကိုင်ပိုမိုဖန်တီးရေးနဲ့ပတ်သက် တဲ့ပြောကြားချက်က သမ္မတပတ်ဂွင် ဟိုင်းရဲ့ငါးနှစ်သက်တမ်းအတွင်း နိုင်ငံ တစ်ဝန်းလုံးရဲ့အလုပ်အကိုင်ရရှိမှုကို ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့တယ်။ အစိုးရရဲ့ မူဝါဒနဲ့ကိုက်ညီနေပါတယ်။ အလုပ်အကိုင်ဖွံ့ဖြိုးမှုတိုးတက် စေ ဖို့အတွက် "သိက္ခာရှိတဲ့" နာရီပိုင်း သို့ မဟုတ် အချိန်ပိုင်းအလုပ်တွေရဲ့အရေး ပါမှုကို သမ္မတစောစောပိုင်းကထုတ် ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီ အဆိုပြုချက်ကြောင့် မတည်မငြိမ်နဲ့ ပုံမှန်မဟုတ်တဲ့အလုပ်တွေပိုမိုလာနိုင် ကြောင်းဒီအဆိုပြုချက်ကိုဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီစိုးရိမ်မှုတွေဖယ်ရှားပေးတဲ့ အနေ နဲ့ နာရီပိုင်းအလုပ်တွေကို ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာ အဓိက ထား ဆောင်ရွက်နေ ကြောင်း ပဲရစ်မြို့မှာကျင်းပတဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးအဖွဲ့ အစည်းအဝေး ကိုတက်ရောက်စဉ်က အတွေ့အကြုံကို ကိုးကားပြီး ဟွန်ဒို ဆုပ်ကပြောပါတယ်။ ဗဟိုဘဏ်မှ ဘဏ်သမားများနဲ့ မတ်လကသူရာထူးတာဝန်ထမ်းဆောင် ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါ တယ်။ စီးပွားရေးအခြေအနေနဲ့ပတ် သက်တဲ့သုံးသပ်ချက်နဲ့ အတိုးနှုန်းလျှော့ ချရေးကိစ္စမှာ အစိုးရနဲ့ဗဟိုဘဏ်တို့ အကြား ကွဲပြားမှုတွေရှိနေတဲ့ အတွက် ဝန်ကြီးနဲ့ ဗဟိုဘဏ်တို့ တွေ့ဆုံဆွေးနွေး မှုကို စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဘတ်ဂျက်အပို ဝမ် ၁၇ ဒသမ ၃ ထရီလီ ယံ (ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ) လျာထားရေးအပါအဝင် စီးပွားရေးတွန်း အားပေး အစီအစဉ်တွေ ဆောင်ရွက်ဖို့  အစိုးရကတွန်းအားပေးဆောင်ရွက်နေ သလို အတိုးနှုန်းတွေ လျှော့ချဖို့ ဗဟို ဘဏ်ကို ဖိအားပေးလျက် ရှိပါတယ်။ ဗဟိုဘဏ်ကလည်း အတိုးနှုန်း လျှော့ချဖို့ကို ဆန့်ကျင်လျက် ရှိရာမှ နောက်ဆုံးမှာ သုည ဒသမ ၂၅ ရာခိုင် နှုန်းလျှော့ချဖို့ သဘောတူထားပါတယ်။