Main menu

Background

စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုပ်ငန်းစုံနဲ့ အောင်မြင်ဖွံ့ဖြိုးနေတဲ့ ကျီကုန်းရွာ

Wed, 06/12/2013 - 11:25 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှ အသေးစားကုန် ထုတ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ထောက်ပံ့ချေးငွေရရှိခဲ့ပြီး၊ ဒုတိယ ၃ လအတွက်အတိုးကျသင့်ငွေများ လာရောက်ပေးသွင်းတဲ့ ချောင်းဦး မြို့နယ်ကျီကုန်းကျေးရွာမှ ရက်ကန်း လုပ်ငန်း အသင်းဦးဆောင်သူတွေ မုံရွာ TPIS  ပြခန်းကိုလာရောက်စဉ် ကျီကုန်း ကျေးရွာရဲ့ စိုက်ပျိုးရေး အခြေအနေ တွေကို လေ့လာမေးမြန်း ဆွေးနွေးဖြစ်ခဲ့ ပါတယ်။

ကျီကုန်းကျေးရွာဟာ စိုက်ပျိုး ရေးများကိုအခြေပြုလုပ်ကိုင်လျက်ရှိပြီး၊ ဒေသယာခင်းတွေမှာ ချင်းတွင်း မြစ်ရေ တစ်နှစ်တစ်ကြိမ်ဝင်ရောက် တဲ့အတွက် သဘာဝကပေးတဲ့ မြေဆီမြေနှစ်ကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း အခြားကျေးရွာကတောင်သူတွေထက် သာကာတစ်နှစ်သုံးသီးစားနိုင်ခဲ့ကြတယ် လု့ိဆိုပါတယ်။ နှစ်တစ်နှစ်ရဲ့ ပထမ ၄ လဖြစ်တဲ့ မတ်လမှ ဇွန်လအတွင်း နွေသီးနှံတွေဖြစ်ကြတဲ့ ပဲတီစိမ်း၊ နှမ်းတို့ကို စိုက်ပျိုးကြပြီး၊ ဒုတိယ ၄ လ မှာ မိုးစပါးကို ဇူလိုင်လကနေ အောက် တိုဘာ၊ နိုဝင်ဘာအထိ စိုက်ပျိုးခဲ့ကြကာ တတိယ ၄ လဖြစ် တဲ့ နိုဝင်ဘာလက နေ ဖေဖော်ဝါရီလအထိ ကုလားပဲ ဂျုံ၊ ခရမ်းချဉ်၊ ဖရဲ၊ သခွားမွှေးစတဲ့ ဆောင်း သီးနှံတွေ ဆက်လက်စိုက်ပျိုးခဲ့ကြတယ် လို့ ဆိုပါတယ်။ သဘာဝကပေးတဲ့ မြစ်ရေအပြင် မြေအောက်စက်ရေတွင်း တွေပိုင်ဆိုင် ထားကြလို့အခုလိုသုံးသီး စိုက်ပျိုး နိုင် ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ကျီကုန်း ကျေးရွာမှ ရေသွင်းပဲတီစိမ်းဧက တစ် ထောင်ခန့်စိုက်ပျိုးခဲ့ကြရာ ယခုအခါ ပဲတီစိမ်းတွေခူးဆွတ်ပြီး၊ မုံရွာပွဲရုံ ကို တင်ပို့ ရောင်းချလျက်ရှိပါတယ်။ ပုံမှန် အားဖြင့် ပဲတီစိမ်းကို လေးကြိမ်ခန့် ကောက်ယူ ဆွတ်ခူးရလေ့ရှိပေမယ့် ဒီနှစ်မှာ ရာသီပူပြင်းလို့ ၂ ကြိမ်သာ ကောက် ယူနိုင်ပြီး၊ တစ်ဧက၁၀တင်း ဝန်းကျင်ရရှိတာကြောင့် လောလော ဆယ်မုံရွာကုန်စည် ဒိုင်ပေါက်ဈေး တစ် တင်း ၂၆၀၀၀ ကျပ် မှ ၂၆၈၀၀ ကျပ်ရှိ တဲ့အတွက် တစ်ဧက ၂ ဒသမ ၆ သိန်းမှ ၂ဒသမ ၆၈ သိန်းအထိ ဝင်ငွေရရှိနေ ကြပါတယ်။ ဒါ့အပြင် ဧက ၆၀၀ ခန့် စိုက်ပျိုး ထားတဲ့ ရေသွင်းနှမ်းတစ်ချို့ စတင်ရိတ် သိမ်းလျက်ရှိရာ အထွက်နှုန်းအားဖြင့် ၇ တင်းမှ ၁၀ တင်း အထိထွက်ရှိပြီး၊ နှမ်း ညိုတစ်တင်း ၃၆၀၀၀ ကျပ်ထိ ဈေး ကောင်း ရနေလို့တစ်ဧက ၂ ဒသမ ၅ သိန်းမှ ၃ ဒသမ ၆သိန်းအထိ ဝင်ငွေရ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ကျီကုန်းကျေး ရွာသားတွေအနေနဲ့ စိုက်ပျိုးရေး လုပ်ငန်း အားလပ်ချိန်တွေမှာ ကျေးရွာ ရဲ့ ရိုးရာလက်မှုလုပ်ငန်း ဖြစ်တဲ့လက် ရက်ကန်းလုပ်ငန်းကိုလည်း ရက်ကန်း စင်ပေါင်းရာကျော်နဲ့လုပ်ငန်း ဆောင် ရွက်နေကြတဲ့အတွက် ချောင်းဦးမြို့ နယ်မှာစီးပွားရေးဖွံ့ဖြိုးမှု အကောင်း ဆုံး လုပ်ဆောင်နိုင်တဲ့ ကျေးရွာတစ်ရွာ အဖြစ်ထည်ဝါစွာရပ်တည်နေ လျက်ရှိသလို အခြားကျေးရွာတွေ အတွက်စံထားလောက်တဲ့ " ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင် အထည် ဖော်ဆောင်မှု " အကောင်းဆုံး ရွာအဖြစ် ဂုဏ်ပြုရေးသား တင်ပြလိုက် ရပါတယ်။        ထွန်းလှိုင် - မုံရွာ