Main menu

Background

ရေနံချောင်းစက်မှုဇုန် မြေဈေး၊တည်ငြိမ်

Wed, 06/12/2013 - 12:24 -- ydnar

ရေနံချောင်းမြို့ စက်မှုဇုန်တွင် မြေဈေး၊တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြော သည်။ "ဒီမှာက စက်မှုဇုန် မြေဈေးပေါ့ နော် ပေ ၁၀၀ ပတ်လည်တွင်ကျပ် ၁၀ သိန်းဈေးပေါက်နေပါတယ်။ဒါပေမယ့် ဝယ်ရောင်းကမဖြစ်ဘူး။ဈေးတည် တည် ငြိမ်ရှိတယ်။ဈေးနှုန်းကတော်တော် တန် တယ်။လုပ်ငန်းလုပ်ကိုင်သူ အတွက်ပေါ့"ဟုပြောဆိုသည်။

မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူ စက်မှုဇုန်၊ရေနံချောင်းစက်မှုဇုန်ရှိပြီးရေနံ ချောင်းစက်မှုဇုန်သည် ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းဝဲယာရေနံချောင်းမြို့ နယ်သုံးဆယ့်ခြောက်ကျေးရွာအနီးတွင် တည်ရှိသည်။ "ဒီမှာကမော်တော်ဆိုင်ကယ်၊သုံး ဘီးဆိုင်ကယ်နှင့်ကားပြုပြင်/ဘော်ဒီ ဆေးမှုတ်၊ပြုပြင်ရေးလုပ်ငန်း၊လယ်ယာ သုံးပစ္စည်းနှင့်တွင်ခုံများဆီစက်လုပ်ငန်း ရှင်များလုပ်ကိုင်တယ်လို့"ဒေသခံလုပ် ငန်းရှင်တစ်ဦးမှဆိုသည်။          သူ