Main menu

Background

ကုန်သွယ်မှုပမာဏမြင့်မားရေး အမယ်သစ် ကညွတ်ပို့ကုန် ပိုမိုတင်ပို့နိုင်ရေး တွန်းအားပေးဆောင်ရွက်နေ

Wed, 06/12/2013 - 13:03 -- ydnar

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်  အောင် ဆောင်ရွက်ရာမှာ ပို့ကုန် လုပ်ငန်းဟာအဓိကမောင်းနှင်အား တစ် ခုဖြစ်ပါတယ်။နိုင်ငံတော်က အကောင် အထည်ဖော်ဆောင်ရွက်မှုများထဲမှာ ပို့ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးတဲ့အခန်းကဏ္ဍများ ထဲမှတစ် ခုဖြစ်ပါတယ်။

ကူးသန်း ရောင်းဝယ်ရေး စခန်း များအနက်မြဝတီကူးသန်း ရောင်းဝယ် ရေးဇုန်ဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမလေးလပတ်ပို့ကုန်လျာထားချက် မှာ ၂၉ ဒသမ ၇၇ ဒေါ်လာသန်းဖြစ်ပြီး ယခုပထမလေးလပတ်ရဲ့ပထမလနဲ့ ဒုတိယနှစ်လ လျာထားချက် ၁၄ ဒသမ ၈၉ဒေါ်လာသန်းအပေါ်လုပ်ငန်းဆောင်  ရွက်ပြီးစီးမှုမှာ၈၀ရာ ခိုင်နှုန်းကျော် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ဇွန်လ မှာမြဝတီကူးသန်း ရောင်းဝယ်ရေးဇုန် အနေနဲ့ပို့ကုန်အမယ်သစ်အဖြစ်  စားက ညွှတ်အား ထိုင်းနိုင်ငံဘက်သို့ ယခုလ ဆန်းမှစ၍ တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံ မှလည်း အဆိုပါပို့ကုန် အမယ်သစ် စားကညွတ်အားကြိုက်နှစ်သက်သဖြင့် ထပ်မံတင်ပို့ပေးရန်ကမ်းလှမ်းလာသဖြင့် စားကညွတ်များအား တစ်နေ့ထက် တစ်နေ့ ပိုမိုတင်ပို့လာခဲ့ရာ ယနေ့အထိ ၆၇၆၈ ကီလိုဂရမ်တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ကညွတ်များကို အဓိကအား ဖြင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်း ဒေသမှာ ဧကရာနဲ့ချီ စိုက်ပျိုးထားရှိပြီး တစ်ဧက အထွက်နှုန်းမှာ ၂ တန်မှ ၄ တန်ထိ ဖြစ်၍စုစုပေါင်းတန်၂၀၀ တင် ပို့ရန် လျာထားကြောင်းနဲ့ အောင်ပန်း ဒေသတွင် ကညွတ် ထွက်ရှိမှုလျော့ နည်းသွားပါက ပြင်ဦးလွင်ဒေသရှိ ကညွတ်များအား ထိုင်းနိုင်ငံသို့တင်ပို့ သွားမယ်လို့သိရှိရပါတယ်။အဆိုပါ ရှမ်းပြည်နယ် တောင်ပိုင်းမှ ကညွတ် များဟာ ကရင်ပြည်နယ် ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်လာပြီးမြဝတီ ကူးသန်းရောင်းဝယ်ရေး ဇုန်မှ တစ်ဆင့် ထိုင်း နိုင်ငံဘက်သို့ အဆက်မပြတ် တင် ပို့လျက်ရှိပါတယ်။ခင်သန်းမြင့် (မဝတ)