ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရား မဝင်ကုန်သွယ်မှုများလျော့နည်း ပပျောက်စေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက် အရ တမူးနယ်စပ်ကုန်သွယ်ရေးလမ်း တစ်လျှောက်မှာMobile Team အဖွဲ့ကို ၂၉- ၅ - ၂၀၁၃နေ့မှစ၍ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်။
ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ Mobile Team အဖွဲ့ဥက္ကဋ္ဌ၊ အကောက် ခွန်ဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူပြီးဌာနဆိုင်ရာများ၊ကုန်သည် အသင်း၊ စာနယ်ဇင်းကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရှိရပါတယ်။ Mobile Team အဖွဲ့သည်နယ်စပ် ကုန်သွယ်ရေးစခန်းနှင့်ဆက်စပ်လျက်ရှိ သောနယ်မြေများတွင်ကုန်သွယ်မှုပြု ရာ၌တရားဝင်သတ်မှတ်ထားသော ဝင် ပေါက်ထွက်ပေါက်များကိုရှောင်ကွင်း ၍ဖြစ်စေ၊တရားဝင်လမ်းကြောင်း များမှဖြစ်စေ၊တရားမဝင် အကောက်ခွန် မဲ့ပစ္စည်းများ၊ကန့်သတ်ထားသောပစ္စည်း များ၊ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲ ယမ်းများ၊ ဥပဒေနဲ့မလွတ်ကင်းသော ပစ္စည်းများ၊ အများပြည်သူစားသုံးရန် မသင့်သော ပစ္စည်းများဖြစ်ပါက သိမ်း ဆည်းပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ကသရ (တမူး )