Main menu

Background

၁၅၀၀ ဆင်းကတ်နဲ့အံဝင်ဂွင်ကျတဲ့ Huawei လက်ကိုင်ဖုန်းများတွေ့ရှိတားဆီးခဲ့ရ

Wed, 06/12/2013 - 13:34 -- ydnar

တန်ဖိုးနည်းဖုန်း ၁၅၀၀ ကျပ် တန် ဆင်းကတ်များကို လုပ်သားပြည်သူများ၊ ဝန်ထမ်းများကို မဲဖောက်ပြီး ရောင်းချ ပေးနေသည်မှာ နှစ်ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ အဆိုပါ ၁၅၀၀ ကျပ်တန် ဆင်း ကတ်များနဲ့ အံဝင်ဂွင်ကျတဲ့  Huawei 210 S ၊ 210 C ၊  8813 D model  အများစုဖြစ်ပါတယ်။ 8813 D ဆိုလျှင်  GSM  ရော ၁၅၀၀ိ/- ကတ်ပါသုံး လို့ရတယ် လို့သိရပါတယ်။ ဇွန်လ ၃ ရက်နေ့ ၂၂း၃၀ အချိန်မှာ နောင်ချို Asia World Toll Gate အနီးမှာ ယာဉ်များကိုစစ်ဆေးစဉ် Pajero ၇ဃ/ xxxx ယာဉ်ပေါ်မှ  Huawei 8813 D Handset  ၂၄လုံးပါ ဂျပ်ဖာ ၆၅ လုံးကို အကောက်ခွန်မဲ့ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယာဉ်မောင်းကို စုံစမ်းစစ်ဆေးရာမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်း အားရှောင်ကွင်း၍ ဆိုင်ကယ် ကယ် ရီမောင်း သူများသယ်ဆောင်သည်များ ကို အခကြေးငွေယူ၍ မန္တလေးသို့ပို့ရန် သယ်ဆောင်လာကြောင်းထွက်ဆိုခဲ့တဲ့ အတွက် တရားမဝင်အကောက်ခွန်မဲ့ သယ်ဆောင်လာတဲ့ ပစ္စည်းများအား အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်း သွားမယ်လို့ Mobile Team အဖွဲ့ - ၁လုပ်ငန်းညှိနှိုင်း အစည်းအဝေးကဆွေးနွေးဆုံးဖြတ်ခဲ့ကြ တယ်လို့ သတင်းရရှိ ပါတယ်။Source:  လရ - ၁   MTN