Main menu

Background

မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလတွင်ရေထွက်ကုန်ကန်ဒေါ်လာ ၁ သန်းကျော် တင်ပို့နိုင်

Wed, 06/12/2013 - 13:08 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ် လာ ၁ သန်းကျော်တန်ဖိုးရှိ ငါးမျိုးစုံ ၃၁၇ တန်ကျော်၊ ပုစွန် ၂၄ တန်ကျော်၊ ကဏန်း ၁၁၀ တန်ကျော်၊ ငါးရှဉ့် ၁၀ တန်ကျော်၊ ဘီလား ၃ တန်နီးပါး၊ ငါးပိ ၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ အနီး စပ်ဆုံးကာလဖြစ်သော ဧပြီလနဲ့နှိုင်း ယှဉ်ပါက ကန်ဒေါ်လာ သုည ဒသမ ၆၈၈ သန်းပိုမိုခဲ့ပြီး ကာလတူ ၂၀၁၂ မေလနဲ့နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ သုည ဒသမ ၀၆၀ သန်းပိုမို ခဲ့ပါတယ်။

တစ်ဖက်နိုင်ငံ မှ မိမိရေထွက် ပစ္စည်းများကို ကြိုက်နှစ်သက်ခြင်း ကြောင့်ဈေးကွက်ဝယ်လိုအားကောင်း ပြီး မိမိဘက်မှ တင်ပို့သည့် ငါးများကို တစ်ဖက်နိုင်ငံတွင် အမှုန့်ကြိတ်၍ ငါး မှုန့်ပြုလုပ်ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် များပြုလုပ်ခြင်း၊ ပြည်တွင်း၌လည်းစား သုံးပြီးအချို့ကိုငါးအသားလွှာ၊ငါးအ သားလုံးပြုလုပ်ခြင်းနှင့် ပြုပြင်အအေး ခံ၍ Re-Export  ပြန်လည် ပြုလုပ် ကြောင်းသိရှိရပါတယ်။ မြန်မာ-ထိုင်း နယ်စပ်တွင် ရေထွက်ကုန်ပစ္စည်းများပိုမို တင်ပို့နိုင်ခဲ့ရုံသာမက မြန်မာ-တရုတ် နယ်စပ်ဖြစ်တဲ့ မူဆယ်ကုန်သွယ် ရေးဇုန် တွင်လည်းယခင်ကရေထွက်ပစ္စည်းများ ကို လေလံစနစ်နဲ့ရောင်းချနေရာမှ ယခု အခါကြိုက်ဈေးပေးဝယ်ယူတဲ့ စနစ်သို့ ပြောင်းလဲကျင့်သုံးနေပြီဖြစ် ၍ ရေထွက် ပစ္စည်းများတင်ပို့မှုပိုမိုလျက်ရှိပါတယ်။ခင်မြနွယ် MIRT (DCCA)