Main menu

Background

အကောက်ခွန်သွင်းကုန် ကြေညာလွှာများအား ထပ်မံ အသုံးပြု ပုံမှားရိုက် ဖြတ်သန်းသယ်ဆောင်

Wed, 06/12/2013 - 13:41 -- ydnar

မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်း ဝယ်ရေးဇုန်နဲ့၁၆ မိုင်အကောက်ခွန်စစ် ဆေးရေး စခန်းများအား ဖြတ်သန်းခဲ့ပြီး ဖြစ်တဲ့အကောက်ခွန်သွင်းကုန်ကြေညာ လွှာ၊ အကောက်ခွန်ကုန်ပါ စာရင်းချုပ် အားဒုတိယအကြိမ် ပုံမှားရိုက်ဖြတ်သန်း တင်ဆောင်လာတဲ့ တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ တရုတ်စာတန်းပါအိတ်နဲ့ ၄၅၀ အိတ်၊ လေးထောင့်အလျူမီနီယံ ၇ ချောင်းနဲ့ အလျူမီနီယံအလုံး ၇၇ ချောင်းအား ယာဉ်အမှတ် ဓ/xxxx CD Canter  ယာဉ်ပေါ်မှ ဇွန်လ ၄ ရက်နေ့ ၀၂း၀၀ ချိန်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အကောက်ခွန်မဲ့ သယ်ဆောင်လာတဲ့ အဆိုပါပစ္စည်းများအား အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီအမှုတွဲဖွင့်အရေး ယူသွားနိုင်ရေးဆောင်ရွက် ထားပြီးဖြစ် တယ်လို့ သတင်းရရှိပါတယ်။Source: လရ-၁ MTN