ကုန်စည်ဒိုင်အသီးသီး၏ လက်ရှိအရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ (၁၀-၆-၂၀၁၃)
* မတ်ပဲကို ပြည်ပအဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ ဟင်္သတနဲ့ ပြည်မှာ ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ်ဖြစ် * ပဲစင်းငုံနီကို အိန္ဒိယ အဆွဲအနည်းငယ် ပြန်လိုက်လာတာကြောင့် ပြည် တွင်းဈေးကွက်အသီးသီးမှာ တက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေ * ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက် ဈေးပေးအဝယ်ရှိတာကြောင့် မန္တလေး နဲ့ မုံရွာမှာ ဈေးမာလာ * ကုလားပဲဖြူလုံးကြီးနဲ့ကုလားပဲ(ထိုင်ဝမ်)ကို မြို့ခံ ပဲခွက်စက်တွေ ဝယ်အားပုံမှန်ရှိပေမယ့် ပြည်ပအဆွဲ မသွက်သေးတာကြောင့် မန္တလေး၊ မုံရွာ နဲ့ ပခုက္ကူမှာ ဈေးတန့်နေ * ပြောင်းကို တရုတ် အဆွဲကောင်းနေတာကြောင့် တောင်ကြီး၊ မူဆယ် နဲ့ မန္တလေးမှာ ဈေးတက်ရိပ်ပြနေ
