Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲ၊ ကုလားပဲ(ထိုင်ဝမ်)နဲ့ ပဲစင်းငုံနီ ပုံမှန်အရောင်းအဝယ်ဖြစ်နေ

Wed, 06/12/2013 - 13:54 -- ydnar

ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကသိပ်ပြီး အပြောင်း အလဲမရှိသေးဘူးလို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။အရောင်းအဝယ် အနေနဲ့ တစ်ပိဿာ ၈၇၀ ကျပ် (တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေး နဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိ ရပါတယ်။ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံပဲခွဲစက်များက တစ်ပိဿာ ကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်) ဈေးနဲ့နေ့စဉ်အိတ် ၂၀၀ ခန့်အဝယ်ရှိခဲ့ကြောင်းသိရပါတယ်။ဒါ့အပြင် ပဲစင်းငုံနီကိုလည်း အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၀၄၅ ကျပ် (တစ်တန်ကို ၆၃၉၉၄၇ ကျပ်)ဈေးနဲ့ တစ်လအတွင်း အိတ် ၂၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။