Main menu

Background

ပေါ်ဦးပေါ်ဖျား နှမ်းဈေးကွက်

Wed, 06/12/2013 - 14:11 -- ydnar

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်ခရိုင်မှာနွေနှမ်းဧက ၆၁၀၀၀ စိုက် ပျိုးခဲ့ပါတယ်။ ကျောက်ဆည်မြို့ နယ် မှာ ဧက ၂၃၄၀၀၊ စဉ့်ကိုင်မြို့နယ်မှာ ဧက ၁၁၂၀၀၊မြစ်သားမြို့နယ်မှာ ဧက ၂၅၅၀၀၊ တံတားဦးမြို့နယ်မှာ ဧက ၉၀၀ စိုက်ပျိုးခဲ့ပါတယ်။ ဇွန်လဆန်းက စပြီး၊နွေနှမ်းများစတင်ပေါ်ထွက်လျက် ရှိပါတယ်။ နှမ်းဖြူတစ်တင်း ၄၆၀၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၃၅၅၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၄၀၀၀၀ ကျပ်ဈေး နှုန်းများနဲ့ စတင်အရောင်းအဝယ် ဖြစ် လျက်ရှိပါတယ်။

ယခုနှစ်မှာ မိုးရွာသွန်းမှု အခြေ အနေကောင်းမွန်တာကြောင့် နှမ်းများ အောင်မြင်ဖြစ်ထွန်းခဲ့ပြီး၊ အထွက် နှုန်း အနေနဲ့နှမ်းတစ်ဧကကိုနှမ်းဖြူအနေနဲ့ အများဆုံး ၁၅ တင်းမှ အနည်းဆုံး ၁၂ တင်း၊နှမ်းညို၊နှမ်းနက်တစ်ဧကကိုအများ ဆုံး ၁၂ တင်းမှ အနည်း ဆုံး ၈ တင်း အထိထွက်ရှိကြောင်း၊ မြစ်သားမြို့နယ် လှကျော်ကျေးရွာမှ တောင်သူတစ်ဦးက ပြောပါတယ်။ ယခင်နှစ် နှမ်းစပေါ်ချိန် ကနှမ်းဖြူတစ်တင်း ၂၉၅၀၀ကျပ်၊နှမ်း ညိုတစ်တင်း၂၄၂၀၀ ကျပ်၊ နှမ်းနက် တစ်တင်း ၂၆၅၀၀ ကျပ်၊ ဈေးနှုန်းများ နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ယခုနှစ် မှာအဖွင့်ဈေးကောင်းလို့နှမ်းစိုက်တောင် သူများဝမ်းသာပီတိ ဖြစ်လျက်ရှိပါ တယ်။     ဝင်းမာ - ကျောက်ဆည်