Main menu

Background

တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်မှာ မိုး အရွာကျဲသော်လည်း ပဲပုပ်စိုက်ဧက မနည်းခဲ့

Wed, 06/12/2013 - 14:12 -- ydnar

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်မှာ မိုးဦးကာလ မိုးရွာ သွန်းမှု နည်းခဲ့ပေမယ့် ပဲပုပ်မိုးသီးနှံ စိုက်ပျိုးမှုကို ထိခိုက်မှုမရှိဘဲ လျာထား သတ်မှတ်ချက် အတိုင်း စိုက်ပျိုး နိုင်ခဲ့ ကြောင်း သိရပါတယ်။ တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် က တောင်သူအများစု က ဧပြီလမှာ မြေအခြောက်နဲ့ ထယ် ရေးပြင်ခဲ့ပြီး၊ မေလမှာ ရွာသွန်းခဲ့ တဲ့ ပြတ်တောင်း ပြတ်တောင်းမိုးနဲ့အတူ ပဲပုပ်သီးနှံကို စတင်စိုက်ပျိုးနိုင်ခဲ့တာ ကြောင့် ၅ လက်မခန့် အရွယ်ရော က် ပေါက်မြောက်နေတဲ့ အပင်ငယ်လေး များ ဇွန်လဆန်းမှာ ရက်ဆက်ရွာတဲ့ မိုးနဲ့အတူ ရှင်သန်ဖြစ်ထွန်းခဲ့တာကြောင့် ဆီဆိုင်မြို့နယ်က တောင်သူများ၊ ပဲပုပ် တစ်သီးစိုက်ပျိုးအောင်မြင်ပြီးခဲ့ကြပါပြီ။

တောင်ကြီးခရိုင်ဆီဆိုင်မြို့နယ် က ပဲပုပ်အပြင် နာနတ်သီးနဲ့ နဂါးမောက် သီးများလည်း အထူးစိုက်ပျိုး ထုတ်လုပ် တဲ့ မြို့နယ်ဖြစ်ပြီး၊ ၂၀၁၃-၂၀၁၄ မိုး သီးနှံပဲပုပ်စိုက်ဧက ၄၀၀၀ ခန့်ရှိကြောင်း နဲ့ တောင်သူအများစုမှာ ပဲပုပ် သီးနှံကို လယ်မြေများမှာ စိုက်ပျိုးကြပြီး၊ ပဲပုပ် ရိတ်သိမ်းပြီးပါက ဇူလိုင်၊ သြဂုတ်လများ မှာ သီးထပ်အဖြစ် မိုးစပါး ဆက်လက် စိုက်ပျိုးကြမှာဖြစ်ပါတယ်။ လယ်မြေ များမှာ ပဲပုပ်စိုက်ပျိုးခြင်းကြောင့် ပဲပုပ် ပင်များရဲ့ အမြစ်၊ အပင်နဲ့ အရွက်ဆွေး များက မြေသြဇာကို ကောင်းမွန်စေပြီး၊ စပါးစိုက်ပျိုးရာမှာ သွင်းအားစုဓာတ်မြေ သြဇာအတွက် ကုန်ကျစရိတ် သက် သာ ကြောင်းနဲ့ ဆီဆိုင်မြို့နယ်မှာ ပဲပုပ် သီးနှံကို ၉၀ ရာခိုင်နှုန်းကျော် စိုက် ပျိုးပြီးကြောင်း မြို့နယ်တာဝန်ခံ တစ်ဦး ရဲ့ အဆိုအရ သိရပါတယ်။မင်းအောင် - တောင်ကြီး