Main menu

Background

သိုလှောင်လက်ကျန်ကျဆင်းမည့် အခြေအနေကြောင့် စားအုန်းဆီ ဈေးမြင့်တက်

Wed, 06/12/2013 - 14:18 -- ydnar

ဇွန် ၇ ရက်က မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက နှစ်လအ တွင်းအမြင့်ဆုံးဈေးကို ရောက်ရှိခဲ့ပါ တယ်။ဒါကြောင့် စားအုန်းဆီထုတ်လုပ် မှုမှာ ကမ္ဘာ့ ဒုတိယနေရာမှာ ရှိနေတဲ့ မလေးရှားနိုင်ငံရဲ့ မေလအတွင်းက လက်ကျန် ကျဆင်းခဲ့တဲ့အတွက် ရက် သတ္တပတ်အလိုက် ဈေးနှုန်းမြင့်တက် မှုက ပဉ္စမမြောက် ရက်သတ္တပတ် အဖြစ် ရောက်ရှိခဲ့ပါတယ်။သိုလှောင်လက်ကျန် နှုန်းက ဧပြီမှာ တန် ၁ ဒသမ ၉၃ သန်း ရှိရာမှ မေလမှာ တန် ၁ ဒသမ ၇၈ သန်းထိ ကျဆင်းခဲ့ရာတစ်နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ဒါကြောင့် စားသုံးမှုက ထုတ်လုပ်မှုကို ကျော်လွန် လာပြီလို့ဆိုနိုင်ကြောင်းရိုက်တာစစ်တမ်း မှာဖေါ်ပြထားပါတယ်။

"ဇူလိုင်လမှာ  ကျရောက်တဲ့ အစ္စလမ် ဥပုသ်လအစမှာ ထုံးစံအားဖြင့် စားသုံးမှုပိုများတတ်တဲ့အတွက် အိန္ဒိယ ကအမှာစာပိုလာနိုင်ကြောင်းကွာလာလမ် ပူရှိကုန်သည်ပွဲစားလုပ်ငန်းတစ်ခုမှ ကုန် သည်တစ်ဦးက ပြောပါတယ်။ ထုတ်ပြန်ထားတဲ့စာရင်းဇယား များအရ စားအုန်းဆီက အမြင့်ဆုံးတစ် တန်ကို ၂၄၅၇ ရင်းဂစ် ထိရောက်ရှိနိုင် ကြောင်းရိုက်တာကပြောပါတယ်။ယခု ရက်သိုလှောင်ရုံလက်ကျန်ကမလေးရှား မှာကျဆင်းနေပြီး အိန္ဒိယနဲ့ ပါကစ္စတန် တို့က သိုလှောင်ဖို့ ဝယ်လာတဲ့ အတွက် ယခု ရက်သတ္တပတ်အတွင်းမှာ ဈေးနှုန်း တွေက ၂ ဒသမ ၆ ရာခိုင်နှုန်း ထိ တက်မဲ့ အလားအလာရှိနေပါတယ်။ ဟင်းရွက်ဆီ ဈေးကွက်မှာ အမေ ရိကန် ပဲပုပ်ဆီရဲ့ ဇူလိုင်အတွက် ဈေး နှုန်းက အာရှအတွက် ဈေးနှုန်းက သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပါ တယ်။ တရုတ်နိုင်ငံ ဒါလီယံ ကုန်စည် ဒိုင်မှာ စက်တင်ဘာအတွက် ပဲပုပ်ဆီ ဈေး က ၁ ရာခိုင်နှုန်းမြင့်တက်ပါတယ်။UNT