Main menu

Background

မေလမှာ နှမ်းတင်ပို့မှုမှ ကန်ဒေါ်လာ ငါးဆယ့်ကိုးသိန်းကျော်ဖိုးရရှိ

Wed, 06/12/2013 - 14:18 -- ydnar

မေလအတွင်း ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ မေလ ပထမ သီတင်း ပတ်အတွင်း နှမ်းတန်ချိန် ၃၇၉ တန် တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ခုနှစ်သိန်း ကျော်ရရှိခဲ့ပြီး၊ ဒုတိယပတ်အတွင်းမှာ ၁၄၉၉ တန် တင်ပို့ပြီးဝင်ငွေ ကန်ဒေါ်လာ သိန်းနှစ်ဆယ်ကျော်၊ တတိယပတ်မှာ ၉၀၂ တန် တင်ပို့မှုမှ ကန်ဒေါ်လာ တစ် ဆယ့်ရှစ်သိန်းကျော်နဲ့ နောက်ဆုံး သီတင်းပတ်မှာ ၄၆၉ တန် တင်ပို့မှုမှ ကန်ဒေါ်လာ ကိုးသိန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။ မေလမှာ နှမ်းတင်ပို့ခဲ့တဲ့ နိုင်ငံများမှာ ကိုရီးယားနိုင်ငံ၊ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံတို့ကို တင်ပို့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလ နှမ်းတင်ပို့မှုမှာ ဧပြီလနှမ်းတင်ပို့မှုထက် ၁၈၁၅ ဒသမ ၀၂ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မေလအတွင်း နှမ်းတင်ပို့မှုမှ ကန်ဒေါ်လာ ငါးဆယ့်ကိုးသိန်းကျော် ဝင်ငွေရရှိခဲ့ပါတယ်။MIRT - DOTP