Main menu

Background

ဘိလပ်မြေဈေးနှုန်းများ(20-6-13)

Wed, 06/12/2013 - 14:25 -- ydnar

ဘိလပ်မြေ အဝင်နည်း ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေလနောက်ဆုံးသီတင်း ပတ်မှာ ကန်ဒေါ်လာ နှစ်သိန်း ငါးသောင်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၃၀၂၁ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်းခဲ့တဲ့ နိုင်ငံတွေမှာ စင်ကာပူနိုင်ငံမှ ၂၁ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၃၀၁၀ ဖြစ်ပါတယ်။ မေလ ဘိလပ်မြေတင်သွင်းမှု ထဲမှာ ဒီတစ်ပတ်ဘိလပ်မြေအနည်းဆုံးဝင်လာခဲ့တာဖြစ်ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလအတွင်း ဘိလပ်မြေမျိုးစုံအဝင်တန်ချိန် မှာ တန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိခဲ့ပြီး မေလ ဘိလပ်မြေအဝင်မှာ တန် ချိန် ခြောက်သောင်း သုံးထောင်ကျော် သာရှိခဲ့တာကြောင့် မေလမှာ တန်ချိန် ငါး သောင်းလေးထောင်ကျော်အဝင်လျော့ခဲ့ပါတယ်။           MIRT (DOT)

 
ဒီတစ်ပတ်မှာလည်း ဈေးကွက်ငြိမ်နေဆဲ ဘိလပ်မြေမေလ ၂၆ ရက်မှ မေလ ၃၁ ရက်သီတင်းပတ်တွင် ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ တန်ချိန် သုံးထောင်ကျော် သာဝင်လာခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ် မှာတော့ ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်တော်တော်လျော့ ခဲ့တယ်လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်က ဒီတစ်ပတ်မှာတန်ချိန် ရှစ်ထောင် ကိုးရာကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ကိုးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ငါးရာကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ ဒေသတိုင်းမိုးများနေတာကြောင့် အရောင်းအဝယ်တွေ က အေးလာ တယ်လို့ို့ သိရ ပါတယ်။ဒီတစ်ပတ် ဘိလပ်မြေဈေးကွက်အခြေအနေများမှာ- တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပါးတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပါးပေမဲ့ ဒီတစ်ပတ်မှာစိန်(ထိုင်း)နဲ့ ကျားခေါင်းဘိလပ်မြေက ဈေးအနည်းငယ်မြင့်လာပါ တယ်။ ဈေးကွက်ထဲ ဆင် (ထိုင်း)ကပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ စိန်(ထိုင်း)နဲ့ကျားခေါင်း ဘိလပ်မြေ က လေးရာကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် ထဲအရောင်း အဝယ်ဖြစ်နေတဲ့ဈေးတွေက စိန်(ယိုးဒယား) ၈၃၀၀ ကျပ်၊ ခြင်္သေ့ ဘိလပ်မြေက ၅၈၀၀ ကျပ်၊ ကျားခေါင်း ဘိလပ်မြေက ၅၈၀၀ ကျပ်၊ နဂါးဘိလပ်မြေက ၆၄၀၀ ကျပ် အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်း အဝယ်အေးတယ်လို့ သိရပါတယ်။ အဝင်ပါး အရောင်းအဝယ်အေးတာကြောင့် မြင်းခေါင်းဘိလပ်မြေက ဈေးငြိမ်နေပေမဲ့ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေနဲ့ ဆင် ဘိလပ်မြေက ငါးဆယ်မှ တစ်ရာကျပ်ဝန်းကျင် ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင် (ထိုင်း) ဘိလပ်မြေ ၅၁၅၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၂၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ ၄၄၅၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ပုံမှန်ရှိတယ်လို့  သိရပါတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေဈေးက ယခင်တစ်ပတ်ဈေးထက်ဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဆင်ဘိလပ်မြေ က ၄၅၀ကျပ်၊ စိန်ဘိလပ် မြေကလည်း ၃၀၀ ကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့အထိုင်ဈေးမှာ ဆင်ဘိလပ်မြေ ၅၈၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၅၈၀၀ ကျပ်၊ တီပီအိုင်ဘိလပ်မြေ ၅၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့် နောင်ပွဲရုံ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။ ပဲခူးဈေးကွက်မှာ ဘိလပ်မြေ အရောင်းအဝယ်ပုံမှန်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ မိုးလည်းကောင်းလာတာကြောင့် အရောင်းအဝယ်အေးလာတယ်။မိုးကာလမှာဒီလိုဘဲအေးအေးနဲ့ မှန်မှန်လေး ပဲ ရောင်းရတယ်။ ဒီတစ်ပတ်မှာ ဘိလပ်မြေဈေးကျလာတယ်။ ကျတာကလည်းတစ်အိတ်ကို တစ်ရာဝန်းကျင်ပဲ ကျ တာပါ။ အရောင်းအဝယ်အေးတာကြောင့် ဈေးကွက်ထဲပစ္စည်း အဝင်လည်း နည်း လာတယ်။ဒီတစ် ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၆၃၀၀ ကျပ်၊ စိန်(ထိုင်း) ၆၂၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၅၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့  သိရပါတယ်။                                      MIRT (DOT)