Main menu

Background

ဓာတ်မြေသြဇာဈေးနှုန်းများ (20-6-13)

Wed, 06/12/2013 - 14:25 -- ydnar

မြေသြဇာ အဝင်များ
 
ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ မေလနောက်ဆုံးသီတင်းပတ်မှာ ကန်ဒေါ်လာ သုံးဆယ့်ရှစ် သိန်းကျော်တန်ဖိုးရှိ မြေသြဇာ ၁၂၅၂၀ တန်ကို တင်သွင်း ခဲ့ပါတယ်။ ဒီသီတင်းပတ်ထိုင်းနိုင်ငံမှ NPK  မြေသြဇာ ၈၅၂၀ တန်၊ ဘယ်လ်ဂျီ ယံနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၂၀၀ ၊ ဂျာမဏီနိုင်ငံမှ ကွန်ပေါင်း မြေသြဇာ တန်ချိန် ၂၀၀ ၊ ကနေဒါနိုင်ငံမှ ပိုတက်မြေသြဇာ တန်ချိန် ၆၀၀၊ အင်ဒိုနီးရှားနိုင်ငံ မှ ပိုတက်မြေသြဇာတန်ချိန် ၃၀၀၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ် မှာ ထိုင်းနိုင်ငံမှ မြေသြဇာအများဆုံး ဝင်လာတာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ် မြေသြဇာအဝင်က တန်ချိန် ငါးရာကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြ ဇာအဝင်ပိုခဲ့ပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလအတွင်း မြေသြဇာအဝင်မှာ တန်ချိန် ခြောက်သောင်းလေးရာကျော် ရှိခဲ့ပြီး မေလအတွင်း မြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန် တစ်သောင်းကျော် အဝင်ပိုခဲ့ပါတယ်။                  MIRT (DOT)
 
မိုးနဲ့အပြိုင် ဈေးကွက်အေးနေဆဲ ဓာတ်မြေသြဇာ
ပြည်တွင်းကို ရေလမ်းမှ မြေသြဇာအဝင်ကမေလ ၂၆ ရက်မှ မေလ ၃၁ ရက်အတွင်းတန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ် ရေ လမ်းမှမြေသြဇာ တန်ချိန်တစ်သောင်း တစ်ထောင်ကျော်အဝင် ပိုခဲ့ပါတယ်။ နယ်စပ် လမ်းမှ မြေသြဇာအဝင်က ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်း သုံးထောင်ကျော် ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်တစ်သောင်း ခြောက်ထောင်ကျော်ရှိ ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင့်ခုနှစ်ရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းေ ဈးကွက်များဖြစ်တဲ့ မကွေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပဲခူး မှာ ဈေးငြိမ်နေပေမဲ့ မန္တလေးမှာ ဈေးနည်းနည်းကျလာ တယ်လို့ သိရပါတယ်။ မိုး ကျလာတာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာအရောင်းအဝယ် လိုက်လာတယ်လို့ို့ သိရပါတယ်။    မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ် မြေသြဇာအရောင်းအဝယ်  အေးတယ် လို့ သိရပါတယ်။ ဒီအချိန်က စပါးပျိုးထောင်ချိန်ဆိုတော့ မြေသြဇာမသုံးသေးဘူး၊ ရော်ဘာစိုက်သူများကလည်း ဒီအချိန်မြေသြဇာအသုံး နည်းတာကြောင့် အရောင်း အဝယ်ကပါးတယ်လို့သိရပါတယ်။အရောင်းအဝယ်ပါးတာကြောင့်လည်း ဒီတစ်ပတ် မှာ မြေသြဇာဈေးတွေက ကျလာတယ်။ ပုလဲ အသေးရော ကွန်ပေါင်းမြေသြဇာက တစ်အိတ်ကို တစ်ထောင်ဝန်းကျင် ဈေးကျပေမဲ့ ကွန်ပေါင်း ၁၆း၁၆း၈၊ တီစူပါ ၄၆% (သံကွင်း-တရုတ်)နဲ့ တီစူပါ ၁၆%(မြားကမ္ဘာ-တရုတ်)က ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးနှုန်းတွေမှာ ပုလဲ-အသေး ၄၆% (ရွှေတုံး၊ရွှေပျား၊ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း ၁၅(ထိုင်း) ၃၆၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၁၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်)၂၁၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၁၀၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာအရောင်း အဝယ်ပုံမှန် ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မြေသြဇာဈေးက အနည်းငယ်မြင့်လာပါ တယ်။ ပုလဲ-ကမ္ဘာလုံး(တရုတ်)က ၈၀၀ ကျပ်၊ပန်းဖူး- တရုတ် ၁၅၀၀ ကျပ်၊ တီစူပါ ၁၂%(တရုတ်) ၁၇၀၀ ကျပ်၊ တီစူပါ၁၆% (တရုတ်) ၁၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ က ၁၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၀၀၀ ကျပ်၊ ဓာတ်ဆား ၁၀၀၀ ကျပ်၊ ပိုတက် ၄၀၀၀ ကျပ်ဈေးမြင့် လာပါတယ်။ ဒီလိုဈေးမြင့်ရတာကလည်း ဝယ်ရင်း ဈေးမြင့်တာကြောင့်လို့ သိရပါတယ်။ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်း  အဝယ် ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၈၀၀ ကျပ်၊ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၂၁၅၀၀ ကျပ်၊ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၂၀၀ ကျပ်၊တီစူပါ ၁၂%(တရုတ်) ၉၇၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၅၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၆၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၈၅၀၀ ကျပ်၊ ယူရီး ယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြှား ကမ္ဘာ၁၅၂၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်း သိရှိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာက အရင်တစ်ပတ်က အရောင်းသွက်ပေမဲ့ဒီတစ်ပတ်မှာ နည်း နည်း အရောင်းပါးတယ်လို့ ဆိုပါ တယ်။ ဒီတစ်ပတ်မှာယူရီးယား(ရွှေတောင်) ၃၀၀ ကျပ်ဈေးကျသလို ပန်းဖူး ၁၀၀ ကျပ်၊ တီစူပါ ၁၆% ၃၀၀ ကျပ်၊ တီစူပါ ၁၂% ၃၀၀ ကျပ်၊ကွန်ပေါင်း ၁၀း၁၀း၅ ၃၀၀ ကျပ်ဈေးကျလာတယ်လို့ သိရပါ တယ်။ တီစူပါ၄၆% ကတော့ ဒီတစ် ပတ်မှာ ၃၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ မြေသြဇာ က ဒီတစ်ပတ်မှာ အရောင်းအေး တယ် လို့ မြေသြဇာရောင်းဝယ်ရေး လုပ်ငန်း ရှင်တစ်ဦးက ပြောပါတယ်။အရောင်း အေးသလို တချို့မြေသြဇာ ဈေးတွေက ဈေးငြိမ်နေသလို ယူရီးယား-ပုလဲ (ပန်း ဖူး-တရုတ်) နှစ်ရာကျပ်၊အာမို ၁၆း၁၆း ၈ ငါးရာကျပ်၊ ပိုတက် ၁၃၀၀ ကျပ်ဈေး မြင့်ပြီး ယူရီးယား (ရွှေတောင်-တရုတ်) က ၈၀၀ ကျပ်ဈေးကျလာတယ်လို့ သိရပါတယ်။MIRT (DOT)