ဗီယက်နမ် ဆန်ဈေးနှုန်း လျော့နည်းမှုဟာ ထိုင်းနိုင်ငံကို ရိုက်ခတ်နိုင်ဖွယ်ရှိ
၂၀၁၃ ခုနှစ် ပထမငါးလတာ ကာလအတွင်း ဗီယက်နမ်နိုင်ငံရဲ့ ဆန် တင်ပို့မှုမှာ တန်ချိန် ၂ ဒသမ ၇၈ သန်း တင်ပို့နိုင်တဲ့အပြင် နှစ်စဉ် ၁၀ ရာခိုင် နှုန်း တိုးတက် တင်ပို့နိုင်ခဲ့ပါတယ်။ ဗီ ယက်နမ်နိုင်ငံရဲ့ အဓိက ဆန်ဈေးကွက် များမှာ အာရှနဲ့အာဖရိကနိုင်ငံများ ဖြစ် ပြီး ဆန်ဈေးနှုန်းများ လျော့ကျစေ ခြင်း ဖြင့် ထိုင်းနိုင်ငံနဲ့ အပြိုင် ဈေးကွက်ထိုး ဖောက်နိုင်ရေးအတွက် ဆောင်ရွက် လျက် ရှိပါတယ်။
ထိုမျှမက ကမ္ဘာ့ဆန်ရောင်းလို အား မြင့်တက်မှုကြောင့် နောက်လများ တွင် အပြည်ပြည်ဆိုင်ရာ ဆန်ဈေးများ ကျဆင်းဖွယ်ရှိပြီးဗီယက်နမ်နိုင်ငံအနေ နဲ့ အာရှနဲ့အာဖရိကသာမက ဈေးကွက် ပိုမိုကျယ်ပြန့် ခိုင်မာစေရေး အတွက် ဈေးကွက်အခြေအနေ လေ့လာသုံးသပ် ဖို့ လိုအပ်လျက်ရှိကြောင်း ဗီယက်နမ် စားသောက်ကုန် အသင်း Vietnam Food Association - VFA နဲ့ ဒုတိယဥက္ကဋ္ဌ Pham Van Bay က Vietnam သတင်းဌာနကိုပြောကြားခဲ့ တယ်လို့ Bangkok Post သတင်းစာ မှာ ဖော်ပြပါရှိပါတယ်။ ၂၀၁၃ ခုနှစ်မေလကုန်တွင် ဗီယက်နမ်ရဲ့နှစ်ရှည်စပါးဈေးနှုန်းဟာ တစ်ကီလိုလျှင် ၅၂၈၉ ဒေါင် (သုည ဒသမ ၂၅ ဒေါ်လာ) ရှိပြီး၊ ရိုးရိုးစပါး ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၅၀၄၃ ဒေါင်(သုည ဒသမ ၂၄ ဒေါ်လာ) ဖြစ် ပါတယ်။ ဗီယက်နမ်နိုင်ငံ ဆန်တင်ပို့ မှုရဲ့ ထက်ဝက်ခန့်ဟာ အရည်အသွေး မြင့် မားပြီး အနံ့မွှေးကြိုင်တဲ့ဆန်များ ဖြစ်ပြီး ဆန်တင်ပို့မှု စုစုပေါင်းရဲ့ ၆၂ ရာခိုင် နှုန်းဟာ အာရှဈေးကွက်သို့ တင်ပို့ လျက်ရှိပါတယ်။ ဗီယက်နမ် နိုင်ငံ အနေနဲ့ ထိုင်းနိုင်ငံရဲ့ဆန်တင်ပို့မှု လျာ ထားချက် ပမာဏနဲ့တူညီတဲ့ တန်ချိန် ၈ သန်းခန့် တင်ပို့နိုင်ရန် မျှော်မှန်းထား တယ်လို့ သတင်းမှာ ဖော်ပြထားပါ တယ်။AT( Mdy )
