ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းက ယခုနှစ်ထိုင်းဆန်တင်ပို့မှုပမာဏ ထပ်မံလျှော့ချ ခန့်မှန်း
ထိုင်းနိုင်ငံစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ၂၀၁၃ ခုနှစ်အတွက် ဆန်တင်ပို့မှုကို တိုးမြှင့်ခန့်မှန်း လိုက်သော်လည်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်း က တော့ ထပ်မံလျှော့ချခန့်မှန်းလိုက်တယ်။၂၀၁၃ ခုနှစ်အစော ပိုင်းက တစ်နှစ်လုံးအတွက် ဆန်တန်ချိန် ၆ ဒသမ ၅သန်း ဝန်းကျင်ကို ပြည်ပသို့ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားခဲ့သော် လည်း မေလအစောပိုင်းမှာ ထပ်မံလျှော့ချခန့်မှန်းလိုက်တယ်။ ၂၀၁၃ ခုနှစ် တစ်နှစ်လုံးအတွက် တန်ချိန် ၆ သန်းသာ တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ပြောင်းလဲခန့်မှန်းခဲ့တယ်။
ထိုင်းအစိုးရရဲ့ ဆန်ဈေးကွက် ဝင်ရောက်စွက်ဖက်မှု အစီအစဉ်ကြောင့် ထိုင်းဆန်ဈေးနှုန်းများဟာ ပြည်ပနိုင်ငံ များရဲ့ ဆန်ဈေးထက် မြင့်မားနေခြင်း၊ ထိုင်းဘတ်ငွေ တန်ဖိုး မြင့်မားခြင်း၊ ကမ္ဘာမှာ ဆန်တင်သွင်းမှု အများဆုံးနိုင်ငံ များရဲ့ ဆန်ဝယ်လိုအားကျဆင်းသွားခြင်း၊ အိန္ဒိယနဲ့ အခြားသော ဆန်ထုတ်လုပ်တဲ့ နိုင်ငံများမှာ ဆန်သိုလှောင်ထားမှု ပမာဏ များနေခြင်းတို့ကြောင့် ယခုနှစ်ထိုင်းဆန်တင်ပို့မှုပမာဏကို လျှော့ချ ခန့်မှန်းကြောင်း အသင်း ဥက္ကဋ္ဌ Korbsook Lamsuri က ပြောကြားတယ်။ ပပ
