Main menu

Background

ရောင်းအားတက်တဲ့ စစ်ကိုင်းပဲတီ

Wed, 06/12/2013 - 15:06 -- ydnar

မုံရွာကုန်စည်ဒိုင်ကို ချောင်းဦး၊ ယင်းမာပင်၊အရာတော်၊မြောင် (အမြင့်)၊ ရေဦး၊ တန့်ဆည်မြို့နယ်များမှ ပဲတီစိမ်း များ လှိုင်လှိုင်ဝင်လျက်ရှိရာ ယခုအပတ် အတွင်း တစ်ရက်ကို တင်း ၄၀၀၀ မှ ၅၀၀၀ အတွင်း ဝင်ရောက်နေ ပါတယ်။ တရုတ်ဝယ်လက်ရှိလို့ မန္တလေးဝယ် လက် အဆွဲများပြီး၊ မုံရွာကုန်စည်ဒိုင်မှာ ကုန်သည်များအလုအယက် ဝယ်ကြလို့ ဇွန် ပထမပတ်အတွင်း ပဲတီစိမ်းဈေး တက်လာပါတယ်။ မေ ၃၁ ရက်နေ့က ပဲတီစိမ်းတစ်တင်း ၂၅၇၀၀ ကျပ်မှ ဇွန် ၄ ရက်နေ့မှာ ၂၆၈၀၀ ကျပ်ကို ဈေး လှုပ်ခဲ့ပါတယ်။ ချောင်းဦး မြို့နယ်မှ မန္တလေးမြို့ကို ပဲတီစိမ်းတိုက်ရိုက် စီး ထွက်မှုများလည်းရှိပြီး၊ မုံရွာကုန်စည် ဒိုင်မှာလည်း တစ်ရက်ကို ပဲတီစိမ်းအိတ် ၁၀၀၀ - ၁၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးတိုင်းဒေသကြီးကို တစ်ပတ် အတွင်း ပဲတီစိမ်းအိတ် ၆၀၀၀ ကျော် စီးထွက်ကြောင်းသိရပါတယ်။သန်းသန်းတင် - မုံရွာ