Main menu

Background

တရုတ်ကအဝယ်လိုက်တဲ့ ကောက်ပဲသီးနှံအချို့ မေလနဲ့ ဇွန်လအတွင်း ဈေးအတက်အကျ မရှိ

Wed, 06/12/2013 - 15:10 -- ydnar

မန္တလေး ကုန်စည်ဈေးကွက်မှာ ပဲတီစိမ်း၊ ပြောင်းနဲ့ မြေပဲလုံးဆန်များ တရုတ်ဘက်မှ အဝယ်လိုက်သော် လည်း ဈေးနှုန်းမှာ ပုံမှန် အနေအထားသာရှိ ကြောင်း သိရပါတယ်။ မန္တလေးမြို့ မိုးထက်ယံ ပွဲရုံမှ ဦးမောင်ငယ်က " သြင်္ကန်ပြီးကတည်း က တရုတ်ဆွဲတဲ့ပစ္စည်း လက်ကျန် နည်း နေလည်း ၅၀၀ တက်ရင် ၅၀၀ ပြန်ကျ။ ဒီလောက်ပဲဈေးထိုးတက်တာ။ ဈေး ဆင်းသွားတယ်လို့ မရှိဘူး။ ဒီတစ်ပတ် မှာအဝယ်လိုက်နေတဲ့ပဲတီစိမ်းဆိုအသစ် ဝင်လာပြီ ပြွန်တန်ဆာ၊ ဒိုက်ဦးဘက်က ဝင်နေပြီ ရွှေဘို၊ မုံရွာဘက်ကလည်း ဝင်တယ်။ အင်တိုက်အားတိုက် မဝင် သေးဘူး။ မန္တလေးဒိုင်ကို အခြေခံပြီး ရောင်းဝယ်တာဆိုတော့ တရုတ်အဝယ် လိုက်နေပေမယ့် ဈေးမတက်ဘူး။ ပဲတီ စိမ်း သုံးတင်းဝင်တစ်အိတ်ကို ၇၉၀၀၀ ကျပ် - ၈၀၀၀၀ ကျပ် - ၈၁၀၀၀ ကျပ် ပတ်ချာလည်မှာပဲရှိပါတယ် " လို့ ပြော ပါတယ်။

မြေပဲလုံးဆန်များလည်း အဝယ် လိုက်နေပါတယ်။ မြေပဲလုံးဆန်မှာ မန္တလေးမြို့တွင်လျှပ်စစ်မီးမလုံလောက် တဲ့ အခြေအနေကြောင့် ဆီစက်သမား များ အဝယ်နည်းနေပြီး၊ တရုတ်ဘက်မှ သာ ဝယ်ယူမှုများပါတယ်။ ကုန်းဆန်နဲ့ ကျွန်းဆန်ဈေးမှာ ဈေးနှုန်းကွာပြီး ကုန်းဆန်ကိုသာ အများဆုံး ဝယ်ယူမှု ရှိပါတယ်။ ကုန်းဆန်တစ်ပိဿာကို ၁၇၄၀ ကျပ် - ၁၇၅၀ ကျပ်ရှိပြီး၊ ကျွန်း ဆန် တစ်ပိဿာကို ၁၅၀၀ ကျပ် - ၁၆၀၀ ကျပ် - ၁၇၀၀ ကျပ်ထိရှိပါ တယ်။မေလကစပြီး၊ ဈေးနှုန်းအပြောင်း အလဲမရှိဘူး"လို့ ဆိုပါတယ်။ "ရှမ်းပြောင်း၊ ကျွန်းပြောင်း၊ ကိုင်း ပြောင်း သုံးမျိုး မန္တလေးဒိုင်ကိုဝင်ပါ တယ်။ ပြောင်းက လက်ကျန်မရှိတော့ လို့ ရှမ်းပြည်နယ်ဘက်က မန္တလေးဈေး ကွက်မှာ ပြန်ဝယ်နေပါတယ်။ ပြောင်း ကို မွေးမြူရေး အစာသမားတွေက လည်း ဝယ်ယူမှုရှိတော့ လက်ကျန်ကုန် သလောက်ဖြစ်နေပြီ။ တရုတ်ဈေးကွက် ကလည်း အဝယ်လိုက်ပေမယ့် မေလ တစ်လလုံးရောဒီလရောဈေးနှုန်းမပြောင်း တော့ ပစ္စည်းလက်ကျန်နည်းပေမယ့် ပြောင်းဈေးနှုန်းက မတက်နိုင်ပါဘူး" လို့ ဦးမောင်ငယ်က ဆက်ပြောပါတယ်။ ပြောင်းဈေးနှုန်းမှာ စီပီပြောင်း တစ်အိတ်၂၆၅၀၀ ကျပ်- ၂၇၀၀၀ ကျပ် ရှိပြီး၊ ကျွန်းပြောင်းနဲ့ ကိုင်းပြောင်းမှာ ၂၃၅၀၀ ကျပ်-၂၄၀၀၀ ကျပ်ရှိကြောင်း သိရပါတယ်။        ဇူးဇူး - မန္တလေး