Main menu

Background

ဇွန်လဆန်း ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေ

Wed, 06/12/2013 - 15:22 -- ydnar

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်အတွင်း ယခု ဇွန် လဆန်းမှာ ပဲမျိုးစုံဈေးနှုန်း များ ဈေးငြိမ် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မတ်ပဲမှာ ပြည်ဈေးကွက်ကို ပန်းတောင်း၊ ပေါင်းတ လည်၊ ပေါက်ခေါင်းမြို့ နယ်များမှ နေ့စဉ်ဝင် ရောက် မှုရှိခဲ့သလို ပဲလက်ကျန်များလည်းရှိခဲ့တာကြောင့် တစ်ရက် အိတ် ၃၀၀ ကျော်၊ ရန်ကုန် ဝယ်လက်မှ ဝယ်ယူလျက်ရှိပါ တယ်။ ပဲဈေးနှုန်းမှာ ဈေးမပြောင်းဘဲ ယခင်မေလကုန်ဈေး အတိုင်းတစ်တင်း ၁၇၃၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ဖြစ် ခဲ့ပါတယ်။

ကုလားပဲသီးနှံမှာ ပန်းတောင်း၊ ကံမမြို့နယ်များမှ တစ် ရက်အိတ် ၃၀၀ ကျော်ဝင်ရောက်ခဲ့ပြီး၊ ခွဲစက်သမားနဲ့ လှောင် လက်သမားများ အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲဈေးအနေ နဲ့ မေလ ကုန်မှာ တစ်တင်း ၁၉၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ သလို ယခုတစ်ပတ်မှာ တစ်တင်း ၁၉၀၀၀ ကျပ်နဲ့သာ ဈေး အပြောင်းအလဲ သိပ်မဖြစ်သေးဘဲ ရောင်းဝယ်ခဲ့တာကို တွေ့ ရပါတယ်။ ပဲစင်းငုံ သီးနှံကတော့ ပဲလက်ကျန်များ ရှိပေမယ့် အရောင်းအဝယ်မှာ နေ့တိုင်းမဖြစ်ဘဲ၊ ရန်ကုန်ဝယ်လက် သမားအဝယ်ရှိတဲ့ရက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်လိုက်တဲ့ရက်မှာ အိတ် ၂၅၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ပဲဈေးနှုန်းကတော့ တစ်တင်း ၂၀၈၀၀ ကျပ်နဲ့သာ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။ ပဲကြီးသီးနှံအနေနဲ့ ပဲအဝင်ပါးလာပြီး ပန်းတောင်း၊ ကံမမြို့နယ်များမှ အိတ် ၁၅၀ ခန့်ဝင်ရောက်သလို ပဲလက် ကျန်များလည်းရှိခဲ့ပြီး၊ဒေသတွင်း ပဲကြော်ဖိုသမားသာ အဝယ် ရှိသော်လည်း ပဲဈေးကတော့ ဈေးအမြင့်နဲ့ ဆက်လက် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၃၅၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၃၂၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ် က တစ်တင်း ၁၈၅၀၀ ကျပ်ဈေးသာ ရရှိခဲ့တဲ့အတွက် ယခုနှစ်ကတော့ ပဲကြီးဈေးကောင်းရတဲ့နှစ်ဖြစ်ခဲ့ပါတယ်။ ပဲပုပ်ဈေးမှာလည်း ယခုနှစ်မှာ တစ်တင်း ၂၂၀၀၀ ကျပ်ရရှိခဲ့ပြီး၊ ၎င်းင်းဈေးအတိုင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ ကာ ပဲလက်ကျန်များကို လက်လီသမားသာ အဝယ်ရှိခဲ့ပါ တယ်။ ယခင်နှစ်က ပဲပုပ်တစ်တင်း ၁၆၀၀၀ ကျပ်သာရရှိ ခဲ့ပြီး၊ ယခုနှစ်မှာတော့ ပဲပုပ်ဈေးမှာ တစ်တင်း ၂ သောင်း အထက်မှာရှိခဲ့တာကြောင့် လှောင်လက်သမားများရော ပဲစိုက် တောင်သူပါ အကျိုးအမြတ်အသင့်အတင့်ရရှိခဲ့တယ်လို့ သိရ ပါတယ်။                          ခင်ဆွေဝင်း - ပြည်