Main menu

Background

ဈေးအေး အရောင်းအဝယ်အေးခဲ့တဲ့ ဇွန်ပထမပတ် အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်

Wed, 06/12/2013 - 15:22 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်ရဲ့ ဇွန်ပထမပတ်မှာ သီးနှံ အများစု ဈေးအေးခဲ့သလို အရောင်းအဝယ်များလည်း မေလကလောက် မသွက်ခဲ့ ဘူးလို့သိရပါတယ်။ အစေ့ထုတ်ပြောင်းဈေးကွက်မှာလည်း ရန်ကုန်အစာစပ်လုပ်ငန်း အတွက် ဝယ်လက်အနည်းငယ်သာရှိပြီး၊ ပြည်ပတင်ပို့နေကျ မန်းဝယ်လက်က အဆွဲ မရှိသလောက်နည်းသွားတယ်ဆိုပေမယ့် ပြောင်းဈေးကတော့ မေလကထက် ဈေး မာ နေတာတွေ့ရပါတယ်။ မီးဖိုချောင်သုံးဖြစ်တဲ့ ကြက်သွန်ဖြူနဲ့ အာလူးကတော့ ဈေးအေးသွားပေ မယ့် ပြည်တွင်းစားသုံးသူ ဈေးကွက်ရှိ တာကြောင့် အဝင်လှိုင်သလို အရောင်းသွက်ခဲ့ပါတယ်။

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ဇွန်လ ပထမပတ်အတွင်း သီးနှံအမျိုးအစားအလိုက် ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနဲ့ အရောင်းအဝယ်ဖြစ်ခဲ့မှု အခြေအနေများကတော့ ပဲပုပ်စေ့တစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ၁၇၆၅၀ ပိဿာ၊ ပဲစင်းငုံတစ်ပိဿာ ၈၅၀ ကျပ် - ၁၀၀၀ ကျပ်နဲ့ ၁၀၂၈၀ ပိဿာ၊ ပဲရာဇာတစ်ပိဿာ ၁၅၅၀ ကျပ်နဲ့ ၁၀၆၆၀ ပိဿာ၊ အစေ့ထုတ်ပြောင်း တစ်ပိဿာ ၄၇၀ ကျပ်နဲ့ ၁၁၅၅၀ ပိဿာ၊ ပန်းနှမ်း တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ ၃၃၈၀ ပိဿာ၊ ကြက်သွန်ဖြူတစ်ပိဿာ ၄၀၀ ကျပ် - ၁၅၅၀ ကျပ်နဲ့ ၁၈၇၂၀၀ ပိဿာ၊ ချင်းအစိုတစ်ပိဿာ ၅၀၀ ကျပ် - ၇၅၀ ကျပ်နဲ့ ၆၃၈၀၀ ပိဿာ၊ နနွင်းတစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ၂၅၀၀၀ ပိဿာ၊ ချင်းခြောက် တစ်ပိဿာ ၁၂၅၀ ကျပ်နဲ့ ၂၂၂၅၀ ပိဿာ၊ အာလူးတစ်ပိဿာ ၂၅၀ ကျပ် - ၆၀၀ ကျပ်နဲ့ ၂၁၃၉၀၀ ပိဿာတို့ဖြစ်ကြပြီး၊ စုစုပေါင်း ကုန်ချိန် ၅၆၅၆၇၀ ပိဿာ (၉၂၄)တန်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အောင်ပန်းကုန်စည်ဒိုင်ဈေးကွက် သတင်း အရ သိရပါတယ်။                              မင်းအောင် - တောင်ကြီး