Main menu

Background

ဝယ်လက်အေးလို့ ရှမ်းချင်းဈေးအေး

Wed, 06/12/2013 - 15:38 -- ydnar

ဒီတစ်ပတ်တော့ ချင်းဈေးနည်းနည်းပြန်ကျလာပါတယ်။ ပြည်ပဝယ်လက်တွေ ကလည်း အဝယ်ရပ်သွားတာကြောင့် တမူး၊ စစ်တွေဝယ်လက်တွေလည်း အဝယ် နားသွားလို့ ဈေးကလည်းနည်းနည်းအေးသွားတယ်လို့ ဆိုပါတယ်။ အေး တယ် ဆိုပေမဲ့ တစ်ပိဿာကို ၅၀ ကျပ်လောက်သာကျသွားခြင်းဖြစ်ပါတယ်။ ပစ္စည်းလက် ကျန်ကလည်း မရှိသလော က်ဖြစ်နေပါပြီ။ ပွဲရုံတွေကတော့ ရှိတာတွေကိုထိန်းပြီး ရောင်းနေတယ်လို့ ဆိုပါတယ်။ တောင်သူတွေတစ်ချို့မှာသာ လက်ကျန်နည်းနည်း ရှိတာကလွဲရင် အတော်များများကတော့ ကုန်သွားပါပြီ။ မနှစ်က မိုးသိပ်မကောင်း တာကြောင့် ချင်းအစိုက်လည်း နောက်ကျခဲ့ပါတယ်။ ဒါကြောင့် ချင်း (ဥမ) တွေ လည်း မဖော်နိုင်သေးပါဘူး။ အစိုက်နောက်ကျတာကြောင့်အတွက်လည်း  နောက် ကျမှာ ဖြစ်တယ်လို့သိရပါတယ်။ အခုလိုမျိုးသာ မိုးဆက်တိုက်ရွာ မယ်ဆိုရင်တော့ ၆ လပိုင်း လလယ်လောက်မှာ ပစ္စည်းကဈေးကွက်ကိုစပြီးဝင်လာနိုင်ပါတယ်။

၄ လပိုင်းလောက်အထိချင်း(စို)ကဈေးသိပ်မကောင်းသေးတာကြောင့် အထား ခံနိုင်အောင် လို့ ပြုတ်ခြောက်တွေလုပ်ဖြစ်တာကြောင့် အခြောက်တွေကများနေပါ တယ်။ ချင်းခြောက်က ပြည်ပဝယ်လက် လည်းမရှိလို့ လက်ကျန်တွေများနေတာလို့ ပွဲရုံတွေကသိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းတစ်ပိဿာဈေးနှုန်း တွေကတော့ ချင်း (စို) အနိမ့်ဆုံး ၆၀၀ ကျပ်မှ အမြင့်ဆုံး ၉၅၀ ကျပ်ဈေးရှိပြီး ချင်းခြောက် က ၁၂၀၀ ကျပ်မှ ၁၂၅၀ ကျပ် ဈေးရှိပါတယ်။               ဧဧခိုင်-တောင်ကြီး