Main menu

Background

မန်ကျည်း ပို့အားလျော့

Wed, 06/12/2013 - 15:41 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေလနောက်ဆုံးပတ်မှာ မန်ကျည်း ၂၅၆ တန်တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို တန် ၆၀၊ ပါကစ္စတန်နိုင်ငံကို တန် ၁၀၀၊ မလေးရှားနိုင်ငံကို ၉၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင် သီတင်းပတ်မှာ မန်ကျည်းတန်ချိန် ခုနှစ်ရာ့ကိုးဆယ်ကျော်တင်ပို့နိုင်ခဲ့ တာကြောင့် ဒီတစ်ပတ်မှာ မန်ကျည်း တင်ပို့မှုလျော့ခဲ့တဲ့ တန်ချိန်က တန်ချိန်ငါးရာ ကျော်ရှိခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုမှာ အများဆုံးနိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ ကိုးသောင်းလေးထောင် ကျော်ဝင်ငွေရရှိခဲ့ ပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလမှာ မန်ကျည်းစုစုပေါင်း တင်ပို့တန်ချိန် က နှစ်ထောင့်နှစ်ရာကျော်ရှိ ခဲ့ပြီး မေလအတွင်း မန်ကျည်းတင်ပို့မှု စုစုပေါင်းက ၁၅၄၇ တန်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန် ခြောက်ရာကျော် တင်ပို့မှုလျော့ခဲ့ပါ တယ်။ မေလအတွင်း မန်ကျည်းတင်ပို့မှုမှ ကန်ဒေါ်လာ လေးသိန်းခြောက်ေ သာင်း ကျော်ဝင်ငွေရ ရှိခဲ့ပါတယ်။       MIRT (DOT)