Main menu

Background

မေလ နနွင်းအပို့လျော့

Wed, 06/12/2013 - 15:47 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ နနွင်း ၇၁ တန် ကို မေလနောက်ဆုံးသီ တင်းပတ်မှာ တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန် မှာ ပါကစ္စတန် နိုင်ငံကို ၅၈ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၃ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ နနွင်းတန် တစ်ရာ့လေးဆယ်ကျော် တင် ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်ခုနှစ်ဆယ်ကျော် လျော့ နည်းပြီး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ခုနှစ်ဆယ်ကျော် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ကန်ဒေါ်လာ လေးရာ့လေးဆယ်ဝန်းကျင်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မေလ နနွင်းတင်ပို့နိုင်ခဲ့တဲ့ တန်ချိန်က ၄၅၂ တန်ရှိခဲ့ပြီး ဧပြီလနနွင်းတင်ပို့ တန်ချိန်က ၅၇၅ တန်ရှိခဲ့တာကြောင့် မေလမှာ နနွင်းတန်ချိန် တစ်ရာ့ နှစ်ဆယ်ကျော်အပို့လျော့ခဲ့တယ် လို့သိရပါတယ်။မေလအတွင်း နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာနှစ်သိန်းလေး သောင်း ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။      MIRT(DOT)