Main menu

Background

ယခုနှစ် တရုတ်ကြက်သွန်ဖြူ အထွက်တိုးပြီး အရည်အသွေးကောင်းသဖြင့် တင်ပို့မှု မြင့်မားနိုင်

Wed, 06/12/2013 - 15:49 -- ydnar

၂၀၁၃ ခုနှစ်လက်ရှိကာလက တရုတ်ပြည်တွင်း ကြက် သွန်ဖြူစိုက်ပျိုးထုတ်လုပ်တဲ့ ရာသီချိန်ဖြစ်ပြီး ယခုနှစ် ထုတ်လုပ် မှုက ယခင်နှစ်ထုတ်လုပ်မှု အခြေအနေနဲ့ ကွာခြားလိမ့်မယ်လို့ ဆိုကြတယ်။

ယခင်နှစ်က ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု မြင့်မား ခဲ့တဲ့အပြင် လက်ရှိပြည်တွင်းလက်ကျန်သိုလှောင်မှု ပမာဏ မှာတန်ချိန် စုစုပေါင်း ၁၃၀၀၀၀ ရှိနေတယ်။ ယခုနှစ်ကြက် သွန်ဖြူ အသစ်များကိုလည်း မေလ ၂၂ ရက် နေ့မှစပြီး ရိတ် သိမ်းနေတယ်လို့ သိရတယ်။ ယခုနှစ် ထွက်ရှိတဲ့ ကြက်သွန် အရွယ်အစားက ယခင်နှစ်ကထက် ကြီးမားကြောင်း၊ လော လောဆယ် ခန့်မှန်းချက်အရ အထွက်နှုန်းလည်း အနည်းဆုံး ၂၀ ရာခိုင်နှုန်း -၃၀ ရာခိုင်နှုန်း အထိတိုးမယ်ခန့်မှန်းကြောင်း၊ ယခုနှစ်ကြက်သွန်ဖြူစိုက်ပျိုးတဲ့နေရာများမှာနေရာသစ် များ ဖြစ်ပြီး ကြက်သွန်ဖြူရဲ့ အရည်အသွေးကလည်း ပိုမို ကောင်း မွန်မှာဖြစ်ကြောင်း ခန့်မှန်းကြတယ်။ ရိတ်သိမ်းထားတဲ့ ကြက်သွန်ဖြူအစိုအချို့ကို ရောင်းချပြီး ဖြစ်ရာ စိုထိုင်းမှုရှိနေသေးခြင်းနဲ့ ဈေးကွက်အတွင်း ယခင်နှစ် လက်ကျန်စတော့များ ရှိနေခြင်းတို့ကြောင့် ဈေးနည်းခဲ့တယ်လို့ သိရတယ်။ ယခုနှစ်အတွင်း ကြက်သွန်ဖြူဈေး ကျဆင်းနေတဲ့ အပြင် အရည်အသွေးကောင်းရာ ပြည်ပတင်ပို့ရာမှာ ယခင် နှစ်ကထက် ၃၀ ရာခိုင်နှုန်း မြင့်မားမယ်လို့ မျှော်လင့်ထား ကြတယ်။ပပ