Main menu

Background

ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ပရဆေးကုန်ကြမ်းတန် ၂၁၀၀ ကျော် တင်ပို့

Wed, 06/12/2013 - 16:02 -- ydnar

မေလ ၂၉ ရက်မှဇွန်လ ၄ ရက်တာကာလအတွင်း မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ကန်ဒေါ်လာ  ၁ ဒသမ ၅၁၁ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၂၁၀၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက်  ၁၂ တန်ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးစခန်းမှ မိကျောင်းကွမ်း ဖတ် စေ့၊ ကြောင်ပန်းစေ့၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ စကားပန်းပွင့် ခြောက်၊ ဒရင်ကောက်မြစ်၊ မာလာဥနဲ့တောချင်းတို့ ပိုမိုတင်ပို့ နိုင်ခဲ့ပြီး၊ ကြက်ဆူစေ့၊ဆီးဆံ၊ ဆီးသီးခြောက်၊ ဝဥခြောက်၊ ကွမ်း သီးခွံနဲ့ တောင်လုံးကျော်တို့မှာ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိတဲ့ မာလာဥခေါင်းကိုလည်း ယခု အပတ်မှာတင်ပို့နိုင်ခဲ့ပါ တယ်။ ချင်းရွှေဟော်ကူးသန်းရောင်း ဝယ်ရေးစခန်းမှလည်း ယခင်အပတ်က တင်ပို့မှုမရှိတဲ့ ဝဥ ခြောက်နဲ့မြောက် ဥခြောက်တို့ကိုယခုအပတ်မှာ တင်ပို့နိုင်ခဲ့ တယ်လို့ သိရှိရပါတယ်။ မြန်မာ - အိန္ဒိယနယ်စပ်ရှိ  တမူး ကူးသန်း ရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၀၀ တန်ဖိုးရှိ တောင်လုံးကျော် ၁ တန်ကို ယခုအပတ်မှာ တင်သွင်းခဲ့ပါ တယ်။ ခင်ကလျာဦး  MIRT ( DCCA )