Main menu

Background

မြန်မာ့ရွှေဈေး အတက်အကျ အနည်းငယ်ဖြင့် ရပ်တည်နေ

Wed, 06/12/2013 - 16:31 -- ydnar

ယခုတစ်ပတ်အတွင်း မြန်မာ့ရွှေ ဈေးသည် အတက်အကျအနည်းငယ် ဖြင့်သာ ရှိနေခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေ ဈေးမြင့်တက်နေသော်လည်း မြန်မာ့ရွှေ ဈေးမှာမူ အတက်အကျအနည်းငယ် ဖြင့်သာ အရောင်းအဝယ်ရှိနေခဲ့သော် လည်း ပုံမှန်အတိုင်းသာ အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။"ဒီတစ်ပတ်ထဲမှာ ကမ္ဘာ့ရွှေဈေး က တက်လာတယ်။ ဒါပေမယ့် မြန်မာ့ ရွှေဈေးက ပုံမှန်အတိုင်းပဲ။ အတက် အကျနည်းနည်းနဲ့ပဲ အရောင်းအဝယ် ဖြစ်နေတယ်။ နွေရာသီတုန်းက ကျခဲ့ ပေမယ့်အခုအချိန်မှာတော့ တက်သွား ရင်လည်း တစ်ရက်လောက်ပဲ။ နောက် တစ်ရက်ဆို ပြန်ကျသွားတာပဲ။ ဒါက လည်း ကျတယ်လို့ ပြောလို့မရဘူး။ နည်းနည်းလေးပဲကျတာဆိုတော့ ရွှေ ဈေးကျတယ်လို့ ပြောလို့မရဘူး"ဟု ရွှေ လုပ်ငန်းလုပ်ကိုင်နေသူ ဦးစံမြင့်က ဆို သည်။ယင်းကဲ့သို့ ရွှေဈေးအတက် အကျနည်းနေခြင်းကြောင့် ရွှေဝယ် ရောင်းလုပ်ကိုင်သူများအနေဖြင့် စောင့် ကြည့်နေကြသည့်အဆင့်တွင်သာရှိနေ ကြပြီး ငွေလိုသူများသာ ထုတ်ရောင်း နေကြကြောင်း သိရသည်။မြန်မာ့ရွှေဈေးသည် ဇွန်လ ၁ ရက်နေ့က ပိတ်ခဲ့သည့်ဈေးထက် အနည်းငယ်လျော့၍ ကျပ် ၇၀၉၁၀၀ ဖြင့် ပြန်ဖွင့်ခဲ့သော်လည်း ဇွန်လ ၆ရက် နေ့တွင်မှ ကျပ် ၇၁၀၅၀၀သို့ အနည်း ငယ်သာ ပြန်လည်မြင့်တက်ခဲ့သည်။ ဇွန်လ ၇ရက်နေ့တွင်မူ ကျပ် ၇၁၁၀၀၀ သို့ မြင့်တက်ခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁ရက် နေ့က ၁၃၈၈ ဒေါ်လာရှိခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် ၁၃၉၈ဒေါ်လာသို့မြင့် တက်ခဲ့ပြီး ဇွန်လ ၇ရက်နေ့တွင် ၁၄၁၁ ဒေါ်လာရှိခဲ့သည်။