ထိုင်းအစိုးရက လယ်သမားများထံမှ စပါးဝယ်ယူသည့် နှုန်းထားကို ၂၀ ရာခိုင်နှုန်း လျှော့ချ ဝယ်ယူသွားမည်
ထိုင်းနိုင်ငံအစိုးရက ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စပြီး လယ်သမားများထံမှ စပါးကို ပြည်တွင်းပေါက်ဈေးနှုန်း ထက် ၅၀ ရာခိုင်နှုန်းပိုပေးပြီး ဝယ်ယူခြင်းအားဖြင့် လယ် သမားများ ဝင်ငွေတိုးတက်စေရေး ဆောင်ရွက်ပေးခဲ့တယ်။ ဒီလို ဝယ်ယူခဲ့ခြင်းကြောင့် အစိုးရအနေနဲ့ ဘတ်ငွေဘီလီယံ များစွာ အရှုံးပြခဲ့တဲ့အပြင် ထိုင်းဆန် FOB ဈေး များမြင့်မား နေတဲ့အတွက် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံဆိုတဲ့ ဂုဏ် ပုဒ်ကိုပါ ၂၀၁၂ ခုနှစ်မှာ စွန့်လွှတ်ခဲ့ရတယ်။လက်ရှိ ၂၀၁၃ ခုနှစ် ပထမ(၅)လမှာလည်း ပြည်ပမှ ဆန်ဝယ်လိုအားနည်းနေတဲ့အပြင် အစိုးရထံမှာ ဆန်သိုလှောင် ထားမှုအမြောက်အမြားရှိလာခြင်း၊ အမြင့်ဈေးနဲ့ စပါးအပေါင် ခံတဲ့အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ဖို့ ဘတ်ဂျက် လိုအပ် လာခြင်းတို့ကြောင့် ပြည်ပတင်ပို့မှုမြှင့်တင်ရေး ဆောင်ရွက်မှ သာ လာမယ့် စပါးပေါ်ချိန် ကာလအတွက် အစစ အဆင်ပြေ မှာ ဖြစ်တယ်လို့ Oryza.com မှာဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်ပတင်ပို့မှုမြှင့်တင်ရေးနဲ့ ဈေးကွက်ယှဉ် ပြိုင်နိုင်စွမ်းမြင့်မားစေရေး အတွက် ဈေးနှုန်းလျှော့ချ ပေးရ မှာ ဖြစ်တဲ့အတွက် လာမယ့် စပါးပေါ်ချိန်မှာ ဝယ်ယူသွားမယ့် အနိမ့်ဆုံးဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းလျှော့ချပြီး ဝယ်ယူသွားမှာ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအမျိုးသားဆန်မူဝါဒကော်မတီက ဇွန်လ ၁၈ ရက်နေ့မှာ အတည်ပြုခဲ့တယ်။ ဒါကြောင့် မကြိတ်ခွဲ ရသေးတဲ့ ဆန်ဖြူစပါးက တစ်တန်ကို ယခင်ဝယ်ဈေးဘတ် ၁၅၀၀၀ မှ ဘတ် ၁၂၀၀၀ (ကန်ဒေါ် လာ ၃၈၈ ဝန်းကျင်) အထိကျဆင်းသွားမှာဖြစ်ကြောင်း၊ ၎င်းဆုံးဖြတ်ချက်ကို အစိုးရ အဖွဲ့မှ အတည်ပြုလက်မှတ်ရေး ထိုးပေးဖို့သာ ကျန်တော့ ကြောင်း၊ ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Boonsong Teriyapirom ကပြောကြားတယ်။ ဒီလိုဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံရဲ့ FOB ဆန်ဈေး နှုန်းများ ကျဆင်းသွားမှာဖြစ်ပြီး ပြည်ပတင်ပို့မှုကို မြှင့်တင်နိုင် မှာ ဖြစ်သော်လည်း ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အခြေ အနေကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ထိုင်းဆန်တင်ပို့ သူများ အသင်း ဥက္ကဋ္ဌ Chookiat Ophaswongse ကပြော ကြားတယ်။ ထိုင်းဆန်ဈေးကျဆင်းမှုနဲ့ အပြိုင် ၎င်းနှစ်နိုင်ငံရဲ့ ဆန်ဈေးများကို လျှော့ချပေးပါက ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာ့ ဆန်ဈေးကွက်မှာ ယှဉ်ပြိုင်ရေး အစွမ်းကုန် ကြိုးပမ်းရဦးမှာ ဖြစ်တယ်။ ပပ
