Main menu

Background

ဈေးအောက်ဆင်းနေတဲ့ ပဲစင်းငုံနီ

Thu, 06/27/2013 - 10:14 -- ydnar

ပခုက္ကူကုန်စည်ဒိုင်မှာ နှစ်စဉ်နှစ်တိုင်း ဇာတ်လိုက်ကျော် ဖြစ်တဲ့ ပဲစင်းငုံနီဟာ ဈေးတွေဆက်တိုက်ကျနေ တာကို တွေ့ ရပါတယ်။ အများစုခန့်မှန်းထားကြတာက ယခင်နှစ်ရာသီ အဖျက်ရှိလို့အထွက်နည်းမယ်။ ဒီတော့ နိုင် ငံခြားဖောက်သည် နိုင်ငံက အဝယ်လိုက်ရင် ဈေးတက်မယ်။ တက်ဈေးမှန်းကြပါ တယ်။

အရောင်းအဝယ် စဖွင့်စ ကာလမှာ တစ်တင်း ၁၇၅၀၀ ကျပ်၊ တစ်ပတ်လည်မှာ အရောင်းအဝယ်ဖြစ်နေရာကနေ အမြင့်ဆုံးတစ်တင်း ၂၁၉၀၀ ကျပ်ထိ ဈေးမြောက်လာတာ ကိုလည်း တွေ့ရပါတယ်။    ဒီတော့ ဆက်တက်နိုင်တယ်လို့ ခန့် မှန်းကြတာပေါ့။ အခုအခြေအနေကို တွက်ကြည့်ရင် (၁) အချက် ပစ္စည်းလက်ကျန်နည်းသွားပါပြီ။ (၂) အချက်ေ ငွဈေး၊ ရွှေေ ဈး၊ ဒေါ်လာဈေး အတက်အကျမငြိမ်ပေမယ့် အတက် ဘက်မှာရှိတယ်လို့ ဆိုရမှာပါ။ (၃) အချက် ပစ္စည်းဟောင်း များကို လက်ခံတဲ့ နောက်ဆုံးကာလလို့ ဆိုရမယ့် ၆ လပိုင်း၊ ဇွန်လကို ရောက်နေပါပြီ။ ဒီအနေအထားတွေ အရ ဈေးတက် သင့်တယ်။ ဈေးမြောက်သင့်တယ် အခုဖြစ်နေတဲ့ ဈေးတစ် တင်း ၁၉၈၀၀ ကျပ်၊ အမြင့်ဆုံးဈေးတစ် တင်း ၂၁၉၀၀ ကျပ် မိထားတဲ့သူဆိုရင် တစ်တင်းအပေါ်၂၀၀၀ ကျပ် ကျော် ကျော် အရှုံးပေါ်နိုင်တယ်။ အနိမ့်ဈေး ၁၇၅၀၀ ကျပ်၊ တစ်ပတ်လည် မှာ မိထားသူဆိုရင် တစ်တင်းအပေါ် ၄၀၀၀ ကျပ်ကျော် ကျော် အမြတ်ပေါ်နိုင်တယ် လို့ ယေဘုယျဆန်ဆန် သုံးသပ်လို့ ရမှာဆိုပေမယ့်အရောင်းအဝယ်ရဲ့ သဘောတရားအရ ပစ္စည်း ကို အသေကိုင်ထားသူဆိုတာ နည်းပါတယ်။ ဆုတ်တက် လှုပ်ရှားကစားကြတဲ့ သဘောတရားအရ ရှုံးမှုမြတ်မှု နည်း တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။
 
ပဲစင်းငုံနီအနေနဲ့ လက်ကျန်နည်းနေတဲ့ ကာလမှာ တောင် တစ်တင်း ၁၉၈၀၀ ကျပ်ဈေးဆိုတော့ ဈေး အောက် ဆင်းနေတဲ့ ပဲစင်းငုံနီလို့ပြောရင်တော့ လွန်မယ်မထင်ပါဘူး။မြင့်ဦး - ပခုက္ကူ