Main menu

Background

ငုံနီကျ၊ ကုဝါတန့်၊ စိမ်းကြီး၊ CP နဲ့ နှမ်းညိုတို့ အတက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပခုက္ကူကုန်စည်ဒိုင်

Thu, 06/27/2013 - 10:17 -- ydnar

ဇွန်လတတိယပတ်ရဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းကြီး၊ ကုလားပဲဝါ၊ ပြောင်းဖူးစေ့ CP ၊ နှမ်းညို စတာတွေ အရောင်းအဝယ်ဖြစ်နေပါ တယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပစ္စည်း တွေထဲမှာ ပဲစင်းငုံနီတစ်တင်း ၁၉၈၀၀ ကျပ်ဈေးဆိုတော့ တစ်တင်း ၂၀၀၀၀ ကျပ်ကျော်ကနေ အကျဘက်မှာရှိနေ တာကိုတွေ့ရပါတယ်။ ကုလားပဲဝါကြီး အနေနဲ့ တစ်တင်း ၁၇၆၀၀ ကျပ်ဈေးနဲ့ တန့်နေပြီး၊ ဒေသခံလှောင်လက်ပဲခွဲစက် တွေ ပုံမှန်ဆွဲနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း၊ ပြောင်းဖူးစေ့ CP နဲ့ နှမ်းညိုက တော့ အတက်ဘက်မှာ ရှိနေတယ်လို့ ပြောရမှာပါ။

မန္တလေးလက် တရုတ် အဆွဲရှိနေတဲ့ ပဲတီစိမ်း၊ တိရစ္ဆာန်အစား အစာဖြစ်တဲ့ CP ပြောင်း၊ ဒေသခံဆီစက် တရုတ် ဆွဲလက်ရှိနေ တဲ့ နှမ်းညိုတို့ဈေး ကောင်းနေတာ တွေ့ရပါတယ်။ ပဲတီ စိမ်းကြီး ယခုဈေး တစ်ပိဿာ ၁၄၁၀ ကျပ် (တစ်တင်း ၂၈၂၀၀ ကျပ်)၊ ယခင် ဈေးတစ်ပိဿာ ၁၂၈၀ ကျပ် (တစ် တင်း ၂၅၆၀၀ ကျပ်)၊ CP ပြောင်း ယခု ဈေး တစ်ပိဿာ ၅၀၅ ကျပ် (တစ်တင်း ၉၀၀၀ ကျပ်)၊ ယခင်ဈေးတစ်ပိဿာ ၄၈၃ ကျပ် (တစ်တင်း ၈၇၀၀ ကျပ်)၊ နှမ်းညို ယခုဈေးတစ်ပိဿာ ၂၄၆၆ ကျပ်(တစ်တင်း ၃၇၀၀၀ ကျပ်)၊ ယခင် ဈေးတစ်ပိဿာ  ၂၃၆၆ ကျပ် (တစ် တင်း ၃၅၅၀၀ ကျပ်) ဆိုတော့ တက် ဈေးများနဲ့အရောင်းအဝယ် ဖြစ်နေပါ တယ်။ အခုအနေအထားအရ ပခုက္ကူ ကုန်စည်ဒိုင်မှာ ငုံနီကျ၊ ကုလားပဲဝါ တန့်၊ စိမ်းကြီး၊ ပြောင်းဖူးစေ့ CP နဲ့ နှမ်း ညိုတို့ အတက် ဈေးနဲ့အရောင်း အဝယ် ဖြစ်နေတယ် လို့သုံးသပ်ရမှာဖြစ်ကြောင်း ပါ။      မြင့်ဦး-ပခုက္ကူ