Main menu

Background

ပြည်တွင်းပြည်ပဝယ်လက်ရှိနေတဲ့ အောင်ပန်းချင်းဈေးကွက်

Thu, 06/27/2013 - 10:41 -- ydnar

ဒီတစ်လမှာ ချင်း(စို)ကို Export နားသွားတာကြောင့် ဈေးကလည်း ပြန်ကျ လာပါတယ်။ ချင်း(ဥမ)တွေ လည်း  ဈေးကွက်ကို အတော်များများ ဝင်လာတာ ကြောင့် ဈေးလည်းကျသွားတယ်လို့ သိရပါတယ်။ ချင်းက ဖော် ကာစမှာ ကတည်း က ဈေးကောင်းပါတယ်။ အထွက်များတဲ့ ညံ့စတွေကိုတော့ ချင်းခြောက် အဖြစ် ပြု တ်ခြောက်လုပ်ခဲ့တာရယ်၊ ချင်း(စို)လောက် အရောင်းမသွက် တာရယ်ကြောင့် လက်ကျန်အတော်ရှိနေပါသေးတယ်။

ချင်း(စို)ကတော့ ပြည်ပ ဝယ်လက်တွေက နှစ်လ၊ သုံးလအတွင်းမှာ အတော်များများဝယ်ယူခဲ့တာ ကြောင့် အခုတော့ လက်ကျန်ကလည်း အတော်နည်းနေပါပြီ။
 
ချင်းဈေးကောင်းတာကြောင့် စောစောပြန်စိုက်ခဲ့တဲ့ ချင်း(ဥမ)တွေပြန်ထွက် လာပြီး၊ ဈေးကွက်ကိုဝင်လာတဲ့ အချိန် မှာ ပြည်ပဝယ်လက်တွေက အဝယ်ရပ်သွားပါတယ်။ ပြည်ပဝယ်လက်တွေ ရပ်သွား ပေမယ့် ပြည်တွင်း စားသုံးမှု အတွက် ရန်ကုန်၊ ပြည်၊ မုံရွာ၊ မကွေး၊ မော်လမြိုင်၊ နေပြည်တော်က အဝယ်ရှိနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၁၃၀၀၀၀ စီးဆင်းသွားတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ချင်း(စို)တစ်ပိဿာ ဈေးနှုန်းက အနိမ့်ဆုံး ၃၅၀ ကျပ်မှ အမြင့်ဆုံး ၅၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကိုေ တာ့မော်လမြိုင်၊ မုံရွာနဲ့ ရန်ကုန်က အများ ဆုံး ဝယ်ယူနေပြီး တစ်ပိဿာ ၁၁၅၀ ကျပ် ဈေးနဲ့ ပိဿာချိန် ၂၃၉၀၀ အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။           ဧဧခိုင် - တောင်ကြီး