Main menu

Background

မူဆယ်ဝယ်လက် ဟိုပုံး နနွင်းဈေးကွက်ကိုဝင်

Thu, 06/27/2013 - 10:58 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်တွေကထွက်တဲ့ နနွင်း တွေက၊ အောင်ပန်းဈေးကွက်မှာ အများဆုံး စုပါတယ်။ အောင်ပန်း၊ ကလော၊ နမ့်စန်၊ အင်းလေးစတဲ့ ဒေသတွေက ထွက်တဲ့နနွင်းအတော်များများက ဒေသမှာ အရောင်း အဝယ် ဖြစ်တာထက် ရှမ်းတောင်ရဲ့ လမ်းဆုံဖြစ်တဲ့ အောင်ပန်း ဈေး ကွက်ကိုသာ အဓိကဝင်ေ ရာင်းကြပါ တယ်။ ဟိုပုံးချင်းကတော့ များသောအားဖြင့် သူ့နေရာမှာသူ အရောင်းအဝယ်ဖြစ်ပါ တယ်။

အရည်အသွေးေ ကာင်းတာကြောင့် ဈေးကလည်း အောင်ပန်း၊ ပင်လောင်းနနွင်းထက်ဈေး ပိုရလေ့ရှိပါတယ်။ ဒီနှစ်မူဆယ်ဝယ် လက်တွေကတော့ ဟိုပုံးနနွင်းကို အများဆုံး ဝယ်ယူကြပါတယ်။ အောင်ပန်းဈေးကွက်က နနွင်းကိုတော့ တမူး၊ စစ်တွေကတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မှု များပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း တမူးဝယ်လက်တွေက ပိဿာချိန် ၁၅၀၀၀ ခန့် ဝယ်ယူခဲ့တယ်လို့လည်း ဈေးကွက် သတင်းအရ သိရှိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် နနွင်းပေါက်ဈေး တွေက ပင်လောင်းနနွင်း၄၀၀ ကျပ် - ၅၀၀ ကျပ်၊ အောင်ပန်း နနွင်း ၆၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၁၅၀ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင် - တောင်ကြီး