Main menu

Background

ဓာတ်ဆီ၊ဒီဇယ်ဆီဈေးနှုန်းများ (24-6-13)

Thu, 06/27/2013 - 11:17 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ စက်သုံးဆီ တန်ချိန် တစ်သိန်းတစ်သောင်း ကျော်ဝင် ဇွန်လ ၉ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ဓာတ်ဆီတန်ချိန် နှစ်သောင်း တစ် ထောင့်လေးရာ ကိုးဆယ့်ငါးတန်ကျော်၊ ဒီဇယ်တန်ချိန် စုစုပေါင်း တန်ချိန်ကိုးသောင်း နှစ်ထောင့်သုံးရာ တစ်ဆယ့်နှစ်တန်ကျော်ကို တင်သွင်းခွင့်လိုင်စင် လျှောက် ထားခဲ့ တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်က တန်ချိန်တစ်သောင်း ရှစ် ထောင်ကျော်ရှိခဲ့ပြီး၊ ဒီဇယ်အဝင်က တန်ချိန် တစ်သောင်း တစ်ထောင်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီတန်ချိန် နှစ်ထောင့် ကိုးရာကျော်၊ ဒီဇယ်တန် ချိန် ရှစ်သောင်းတစ်ထောင်ကျော် အဝင်ပိုခဲ့ဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၄ရက်နေ့အတွင်း ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးများက မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မှာ ဈေးငြိမ်နေသော်လည်း ရန်ကုန်မှာ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ် ဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ် ဆီဈေးများမှာ ရန်ကုန်မှာ ဓာတ်ဆီဈေးငြိမ်နေသော်လည်း ဒီဇယ်ဝယ်ဈေး၊ ရောင်းဈေး အနည်းငယ်မြင့်လာ တယ်လို့ သိရပါတယ်။ မန္တလေးမှာလည်း ဓာတ်ဆီ၊ ဒီဇယ်ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ မော်လမြိုင်ဈေးကွက်မှာ ဈေးကျနေပေမဲ့ တောင်ကြီး ၊ မန္တလေးမှာတော့ ဈေးငြိမ်နေကြောင်း သိရတယ်။ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ်အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ ဈေးမှာ မပြောင်းသော်လည်း ဒီဇယ်ဈေးနဲ့ အဆင့်မြင့်ဒီဇယ်ဈေးမှာ အနည်းငယ်မြင့် လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေ တဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ် ၈၇၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၉၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီရောင်းချနေတဲ့ ဆိုင်များမှာ ဓာတ်ဆီဈေးက ဇွန်လ ၁၀ ရက်မှာ တစ်ပီပါ ၂၀၅၀၀၀ ကျပ်ဈေးရှိခဲ့ရာမှ ဇွန်လ ၂၀ ရက်နေ့ထိ ဒီဈေးနဲ့ပဲငြိမ်နေတယ်လို့ သိရပါ တယ်။ ဒီဇယ်ဈေးမှာ ဇွန်လ ၁၄ ရက်နေ့မှာ ရောင်းဈေးတစ်ပီပါ ၁၇၈၀၀၀ ကျပ် ရှိရာမှ ဇွန်လ ၂၁ ရက်နေ့မှာ တစ်ပီပါ ၁၈၅၀၀၀ ကျပ်ထိ ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၂၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်ဝယ်ပြီး ၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန် အရောင်းအဝယ်ရှိနေတယ်။ မန္တလေးဘက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဒီဇယ်၊ ဓာတ်ဆီဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီ တစ်ဂါလန် ၃၈၅၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၁၅ ကျပ်နဲ့ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာတော့ ဒီဇယ်ဈေး အနည်းငယ် ဈေးမြင့်လာသလို ဓာတ်ဆီဈေးလည်း မြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေ တဲ့ ဈေးက ဓာတ်ဆီ တစ်ဂါလန်ဝယ်ဈေး ၄၀၀၀ ကျပ်၊ ရောင်းဈေး ၄၂၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်က ဝယ်ဈေး ၃၆၀၀ ကျပ် ၊ ရောင်းဈေး ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်း သမားတစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီဈေးငြိမ်ပေမဲ့ ဒီဇယ်၊ အောက်တိန်းက ငါးဆယ်ဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက် တိန်း ၃၉၀၀ ကျပ်နဲ့ရောင်းချပါတယ်။ ပြင်ပလက်လီရောင်းချတဲ့ဆိုင်မှာတော့ ဓာတ်ဆီ ဈေးငြိမ်နေပေမဲ့ ဒီဇယ်၊ အောက်တိန်းဈေးမှာ ဈေးကျလာကြောင်း သိရပါတယ်။ဒီတစ်ပတ် ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဓာတ်ဆီ တစ်ဂါလန် ၄၃၀၀ ကျပ်၊ ဒီဇယ် ၄၁၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမှာငြိမ်နေ သလို ပြင်ပလက်လီ ဆိုင်များမှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ် ဈေးမှာလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်နဲ့ ရောင်းချတယ်လို့သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။                                           MIRT(DOT)